www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 11, 2016

မန္တလေးတိုင်းဒေသကြီး အတွင်း သဘာဝဘေးအန္တရာယ် ဆိုင်ရာ သတင်းအချက်အလက်များ သိရှိနိုင်စေရန် Call Center တစ်ခု တည်ထောင်သွားမည်


မန္တလေး ၊ ၁၁-၅-၂၀၁၆

မန္တလေးတိုင်း ဒေသကြီးအတွင်း သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ သတင်း အချက်အလက် များကို အချိန်နှင့် တစ်ပြေးညီ သိရှိရယူနိုင် စေရန် Call Center တစ်ခုတည် ထောင်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ Call Center ကို ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနက ဦးစီးညွှန်ကြား သွားမည်ဖြစ်ပြီး လိုအပ်သည့် လုပ်ငန်း ဆောင်ရွက်မှုများ အတွက် လူမှုရေးအသင်း အဖွဲ့များ၊ NGO ၊ INGO များ၊ အစိုးရဌာန များနှင့် ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီနှစ်ထဲမှာ သဘာဝ ဘေးအန္တရာယ် က စိုးရိမ်စရာ ရှိပါတယ်။ အခု အယ်လ်နီညို ပြီးရင် လာနီညာ လာမယ်။ ပြီးရင် ရေဘေးကလည်း ဖြစ်လာနိုင်တယ်။ အဲဒီအတွက် မန္တလေးတိုင်း ဒေသကြီး အတွင်းမှာ နေထိုင်ကြသူတွေ အတွက် လိုအပ်တဲ့ သတင်း အချက်အလက် တွေကို အချိန်နဲ့ တစ်ပြေးညီ ရရှိနိုင်ဖို့ သဘာဝဘေးနဲ့ ပတ်သက်ပြီး Call Center တစ်ခုလုပ်ဖို့ ရှိပါတယ်။ အဲဒီ Call Center ကို ဝန်ထမ်းအင်အား ပေါ်မူတည်ပြီး အချိန်ပိုင်းနဲ့ ၂၄ နာရီ အချိန်ပြည့် လိုအပ်သလို ခွဲခြားပြီး လုပ်သွားဖို့ ရှိပါတယ်'' ဟု မန္တလေးတိုင်း ဒေသကြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဧပြီ နောက်ဆုံးပတ် အတွင်း ဖြစ်ပေါ်ခဲ့သည့် မိုးသက်လေပြင်း ကျရောက်မှုနှင့် မိုးသီး ကြွေကျမှု များကြောင့် မန္တလေးတိုင်း ဒေသကြီးအတွင်း သစ်ပင်များ ပြိုလဲခြင်း၊ ဓာတ်တိုင်များ လဲကျခြင်း၊ ဓာတ်ကြိုးများ ပြတ်ကျခြင်း၊ မြို့နယ်တချို့ ၌ လူနေအိမ်များ ပျက်စီးခြင်း၊ ကျွဲ၊ နွား၊ ဆိတ်စသည့် အိမ်မွေး တိရ စ္ဆာန်များ သေဆုံးခြင်း နှင့် သီးနှံ စိုက်ခင်းများ ပျက်စီးခြင်း စသည့်ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည့် အတွက် Call Center တစ်ခု အမြန်ဆုံး တည်ထောင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger