www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 5, 2016

ကမ္ဘာ့ငွေကြေးဈေးကွက် ရောင်းဝယ်မှုဆိုင်ရာ နည်းစနစ်သင်တန်း သင်ကြားပို့ချမည်



ရန်ကုန် ၊ ၅-၅-၂၀၁၆

မြန်မာ့ရွှေ၊ ငွေကြေးနှင့် စတော့ဈေးကွက် ၌ ဝင်ရောက် လုပ်ကိုင်နေ သူများ၊ ရွှေ၊ ငွေကြေးနှင့် စတော့ရှယ်ယာ ဝယ်ရောင်း လုပ်ကိုင်လိုသော လုပ်ငန်းရှင်များ၊ အကျိုးဆောင်များ အတွက် လက်တွေ့ လုပ်ဆောင် နိုင်ရန်နှင့် လုပ်ငန်း ဆောင်ရွက်ရာတွင် နားလည် တတ်ကျွမ်းစေရန် ရည်ရွယ်၍ Myanmar Golden Link နှင့် Victory International Futures တို့ပူးပေါင်းကာ ကမ္ဘာ့ငွေကြေး ဈေးကွက် ရောင်းဝယ်မှု ဆိုင်ရာ နည်းစနစ် သင်တန်း (Technical Approach to Global Financial Markets) ကို မေ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် သင်ကြား ပို့ချမည် ဖြစ်ကြောင်း သိရသည်။

သင်ကြားပို့ချ ပေးမည့် ဘာသာရပ်များမှာ ဈေးကွက် အတက်အကျ ခန့်မှန်းနည်း စနစ် မိတ်ဆက် ( Introduction to Technical Analysis) ၊ ခန့်မှန်းနည်းစနစ် များကို အသုံးပြုပုံများ ( Technical Analysis Application) ၊ အွန်လိုင်း အသုံးပြုပြီး ဝယ်ရောင်း ခန့်မှန်းနည်းများ ( Putting it All Together )၊ ငွေကြေး စီမံခန့်ခွဲမှု (Money Management) ၊ နယူးယောက်၊ လန်ဒန်နှင့် စင်ကာပူ စတော့အိတ်ချိန်း များအကြောင်း ( NYSE, LSE, SGX) စသည့် ဘာသာရပ် များကို အိန္ဒိယနိုင်ငံမှ ငွေကြေးစနစ် ခန့်မှန်းပညာရှင် Mr. Anshul Jain (MBA, Finance & Banking) က စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ ပေးသွားမည် ဖြစ်သည်။

ထို့ပြင် ထိရောက် အကျိုးရှိစေရန် တန်းခွဲတစ်ခုလျှင် လူဦးရေ ၂ဝ သာ လက်ခံသင်ကြား ပေးမည်ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက Myanmar Golden Link ရန်ကုန်မြို့ ဖုန်း - ဝ၉- ၇၃ဝ၅ ဝ၃၇ဝ၊ ဝ၉- ၉၇၄၄၁ ၈၇၇၇ တို့သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရသည်။

နေနေ

မြ၀တီနေ့စဉ် ၊ စာ(၁၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger