www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 25, 2016

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် လာအိုနိုင်ငံသို့ ထွက်ခွာ


ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိ သူများကလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၂၅-၅-၂၀၁၆

ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း သည် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဗီယန်ကျင်းမြို့ ၌ ကျင်းပ ပြုလုပ်မည့် (၁ဝ)ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး ၁10th ASEAN DEFENCE MINISTERS MEETING (10th ADMM) သို့ တက်ရောက်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်း  ခရီးဖြင့်ထွက်ခွာသည်။ ကာကွယ်ရေး ဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H.E.Mr. Lyying SAYAXANG နှင့် စစ်သံရုံးမှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက် ကြသည်။

အဆိုပါ (၁ဝ) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး 10th ASEAN DEFENCE MINISTERS MEETING (10th ADMM) ကို မေ ၂၇ ရက်အထိ လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဗီယန်ကျင်းမြို့ ၌ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger