www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 20, 2016

မြန်မာ့ထောပတ်သီး များကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် အမေရိကန်နိုင်ငံမှ ပညာရှင်များဖြင့် DNA စစ်ဆေးမှုပြုလုပ်



ရန်ကုန် ၊ ၂၀-၄-၂၀၁၆

မြန်မာနိုင်ငံမှ ထောပတ်သီး အမျိုးပေါင်း ၂၁ မျိုးကို ပြည်ပနိုင်ငံ များသို့ တင်ပို့နိုင်ရန် အမေရိကန်နိုင်ငံမှ ပညာရှင်များဖြင့် မျိုးရိုးဗီဇ DNA စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းမှ သိရသည်။

ထောပတ်သီး များကို ပြည်ပသို့ တင်ပို့ရာတွင် အဆင်ပြေစေရန် ထောပတ်သီး စိုက်ပျိုးသူများကို စုစည်း၍ ထောပတ်သီး စိုက်ပျိုးသူများအသင်း ဖွဲ့စည်း ဆောင်ရွက်မည် ဖြစ်ပြီး ပြည်ပဈေးကွက် ရရှိရန်လည်း ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထောပတ်သီး များကို ပြီးခဲ့သည့် တရုတ် နှစ်သစ်ကူး ကာလတွင် ဝယ်ယူခဲ့ဖူးသည့် တရုတ် (တိုင်ပေ) ကုမ္ပဏီ Agro Geco က နှစ်ခြိုက်မှုရှိခဲ့ပြီး ယခုအခါ ယင်းကုမ္ပဏီမှ ဂျပန်နိုင်ငံသို့ တင်ပို့နိုင်ရန် ပြီးခဲ့သည့် မတ်လတွင် မြန်မာနိုင်ငံသို့ လာရောက် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

''လက်ရှိမှာ ထောပတ်သီး တင်ပို့တဲ့ ကုမ္ပဏီဆိုပြီး မရှိသေးပါဘူး။ ထောပတ်သီး စိုက်ပျိုးသူများ အသင်းလည်း မရှိသေးတဲ့ အတွက် အဲဒီကုမ္ပဏီက အသင်းချုပ်ကို လာဆွေးနွေးတယ်။ သူတို့က မြန်မာနိုင်ငံက ထောပတ်သီးကို နှစ်သက်ကြတယ်။ ဂျပန်နိုင်ငံ ကလည်း သဘောကျ နိုင်တယ်ထင်လို့ လာ ကမ်းလှမ်းတာပါ။ ထောပတ်သီး  ပမာဏတော့ များများ လိုချင်တယ် ပြောတယ်'' ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger