www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 20, 2016

မြန်မာ့ကျောက်မျက်ရတနာ များကို အချောထည် ထုတ်လုပ်နိုင်ရေး လက်ဝတ်ရတနာ အချောထည်ပြပွဲများ ပိုမိုပြုလုပ်ရန် လိုအပ်



ရန်ကုန် ၊ ၂၀-၄-၂၀၁၆

မြန်မာနိုင်ငံ၌ ကျောက်စိမ်း၊ ကျောက်မျက်ကုန်ကြမ်း ပေါများပြီး ကုန်ချော ထုတ်လုပ်ရန် နည်းပညာ လိုအပ်ချက် ရှိနေသဖြင့် နိုင်ငံတကာ နည်းပညာများ ရရှိရန်နှင့် ဈေးကွက် ထိုးဖောက်နိုင်ရေး အတွက် လက်ဝတ်ရတနာ အချောထည် ပြပွဲများကို ပိုမိုပြုလုပ်ရန် လိုအပ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံသည် ကျောက်စိမ်း၊ ကျောက်မျက် ကုန်ကြမ်း များစွာထွက်ရှိ နေသော်လည်း အချောထည် လက်ဝတ် ရတနာများ ထုတ်လုပ်နိုင်ရန် နည်းပညာပိုင်း အားနည်း နေသေး၍ နိုင်ငံတော်က ဦးစီးကျင်းပသည့် ကျောက်မျက် ရတနာပြပွဲများ ကျင်းပရောင်းချ ရာတွင် လက်ဝတ်ရတနာ ပြပွဲအဖြစ် ရောင်းချနိုင်ခြင်း မရှိဘဲ ကုန်ကြမ်းမှ တစ်ဆင့်မြင့် သည့် ကျောက်များ ကိုသာ ပြပွဲများတွင် ရောင်းချ နေကြသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့ ကျောက်မျက် ရတနာပြပွဲများတွင် နိုင်ငံတကာက နည်းပညာများ ပါဝင် လာခြင်းကြောင့် မြန်မာနိုင်ငံ ကျောက်မျက်ရ တနာများ အချောထည် ထုတ်လုပ်ရာတွင် လိုအပ်သော နည်းပညာများ ရရှိလာမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကျောက်စိမ်း၊ ကျောက်မျက် အချောထည် လက်ဝတ် ရတနာများ နည်းပညာ မြင့်တက် လာစေရေးနှင့် နိုင်ငံတကာ ဈေးကွက်များသို့ ထိုးဖောက်နိုင်ရေး အတွက် အပြည်ပြည်ဆိုင်ရာ ကျောက်မျက် ရတနာ၊ လက်ဝတ်ရတနာ နှင့် လက်ပတ်နာရီ ပြပွဲများကို မြန်မာနိုင်ငံ၌ ပြီးခဲ့သည့်နှစ် များက စတင်ကျင်းပခဲ့ပြီး (၅) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ မြန်မာ့ကျောက်မျက် ရတနာပြပွဲ ၂၀၁၆ ကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ရှိ လက်ဝတ်ရတနာ ကုန်သွယ်မှုစင်တာ၌ ဧပြီ ၁ ရက်မှ ၄ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger