www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 5, 2016

ကချင်ပြည်နယ် ပူတာအို၌ ငှက်မျိုးစိတ်တစ်မျိုး တွေ့ရှိခဲ့ပြီး မျိုးစိတ်သစ် ဖြစ်နိုင်ခြေ ရှိ-မရှိ ယူနစ်စကိုသို့ ပေးပို့ စစ်ဆေးသွားမည်



ရန်ကုန် ၊ ၅-၄-၂၀၁၆

မြန်မာနိုင်ငံ မြောက်ဖျား တောင်ပေါ် ဆက်စပ်သစ်တော ဒေသကို လေ့လာမှုများ ပြုလုပ်ရာတွင် ကချင်ပြည်နယ် ပူတာအို ၌ ငှက်မျိုးစိတ် တစ်မျိုး တွေ့ရှိခဲ့ပြီး မျိုးစိတ်သစ် ဖြစ်နိုင်ခြေ ရှိ၊ မရှိကို ယူနက်စကို သို့ ပေးပို့စစ်ဆေး သွားမည် ဖြစ်ကြောင်း သစ်တော ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ မြောက်ဖျား တောင်ပေါ် ဆက်စပ် သစ်တောဒေသ ကို ကမ္ဘာ့ အမွေအနှစ် ဥယျာဉ်အဖြစ် အမည်စာရင်း တင်သွင်း နိုင်ရေးအတွက် ဂေဟစနစ် တန်ဖိုးများ၊ ဇီဝ မျိုးစုံမျိုးကွဲများ လေ့လာ ဖော်ထုတ်ရန် ခါကာဘိုရာဇီ (တောင်ပိုင်း တိုးချဲ့) နှင့် ဖုန်ကန်ရာဇီ တောရိုင်း တိရ စ္ဆာန် ဘေးမဲ့တော များသို့ ကွင်းဆင်းကြည့်ရှု ခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး မျိုးစိတ် အတိအကျ ခွဲခြားနိုင်ခြင်း မရှိသော မျိုးစိတ်အသစ် ဖြစ်နိုင်၍ ယူနက်စကိုသို့ ပေးပို့ကာ မျိုးခွဲဆန်း စစ်မှု ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သစ်တောဒေသ ကို ကမ္ဘာ့  အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေး အတွက် လေ့လာတွေ့ရှိ ခဲ့သည့် ငှက်မျိုးစိတ် ၈၆ မျိုး၊ လင်းနို့မျိုးစိတ် ၃၂ မျိုး၊ ကြွက်မျိုးစိတ် ၂၁ မျိုး၊ ကုန်းနေရေနေ တွားသွား သတ္တဝါမျိုးစိတ် ခုနစ်မျိုးတို့၏ နမူနာများ ကိုလည်း ယူနက်စကို အဖွဲ့သို့ ပေးပို့သွားမည် ဖြစ်သည်။

ယခုနှစ်ပိုင်း အတွင်း မြန်မာနိုင်ငံ၌ ငှက်မျိုးစိတ် အသစ် တွေ့ရှိမှု များပြားလာပြီး ၂ဝ၁၅ ခုနှစ်ကလည်း ငှက်မျိုးစိတ် အသစ် ၂၆ မျိုး တွေ့ရှိခဲ့ကာ ယင်း ၂၆ မျိုးအနက် ခုနစ်မျိုးသည် မြန်မာနိုင်ငံ၌ သာမက အရှေ့တောင် အာရှ၌ပါ လုံးဝ မှတ်တမ်းမတင် ရသေးသည့် ငှက်မျိုးစိတ် ဖြစ်ပြီး ကျန် ၁၉ မျိုးသည် မြန်မာနိုင်ငံ၌ လုံးဝ မှတ်တမ်း မတင်ရသေး သည့် ငှက်မျိုးစိတ်များ ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger