www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 5, 2016

ကော်ဖီမစ်တွင် ပါဝင်သော ပစ္စည်းများကို နိုင်ငံတကာ ဓာတ်ခွဲခန်းများသို့ ပို့ဆောင်စစ်ဆေးမည်


ရန်ကုန် ၊ ၅-၄-၂၀၁၆

သံသယဖြစ်ဖွယ် ရှိနေသော ကော်ဖီမစ် စက်ရုံများမှ ကုန်ကြမ်းပစ္စည်း များနှင့် ၄င်းတို့၏ ထုတ်ကုန်များကို နိုင်ငံတကာ ဓာတ်ခွဲခန်း များသို့ ပို့ဆောင် စစ်ဆေးတော့မည် ဖြစ်သဖြင့် အရောအနှော ပါဝင်သည့် ကော်ဖီမစ်များ စစ်ဆေးမှု ရလဒ် ထုတ်ပြန်မည့် အချိန်ကို နှစ်လခန့် ရွှေ့ဆိုင်း လိုက်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက် နှင့်ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာနမှ သိရသည်။

ကော်ဖီစက်ရုံ များမှ အုန်းမှုတ်ခွံနှင့် မန်ကျည်းစေ့ များကို အမှုန့်ကြိတ် ထည့်သွင်း၍ ဈေးကွက်တွင် ရောင်းချ နေသည်ဟူသော သတင်းများ ထွက်ပေါ် ခြင်းကြောင့် ဖေဖော်ဝါရီ လကုန်ခန့်က သံသယရှိ စက်ရုံများကို စစ်ဆေး ခဲ့ကြောင်း၊ ယင်းတို့ကို မူလက မတ်လတွင် ထုတ်ပြန်မည် ဟု ကြေညာထား သော်လည်း FDA ၏ ဓာတ်ခွဲခန်း များသည် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ် မရရှိသေး၍ နိုင်ငံတကာရှိ ဓာတ်ခွဲခန်းများ သို့ ပို့ဆောင် ဓာတ်ခွဲ စစ်ဆေးမည် ဖြစ်၍ ယခုကဲ့သို့ ရွှေ့ဆိုင်းလိုက် ရခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ FDA ဓာတ်ခွဲခန်း များသည် နိုင်ငံတကာ အသိအမှတ်ပြု ဓာတ်ခွဲခန်း မဟုတ်၍ အရောအနှော ပါဝင်သည့် ကော်ဖီမစ်များကို ကြေညာသည့် အခါ လုပ်ငန်းရှင် များအား အထောက်အထား အခိုင်အမာ ပြနိုင်ရန် ပြည်ပနိုင်ငံရှိ ဓာတ်ခွဲခန်း၌ အဆိုပါ ကုန်ကြမ်းများကို စစ်ဆေးမည် ဖြစ်ကြောင်း FDA မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကော်ဖီမစ်များ ထုတ်လုပ်ရာတွင် အရောအနှော ပါဝင်သည်ဟု မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းက ထုတ်ဖော်ပြောကြား ခဲ့သဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက ကော်ဖီမစ် ထုတ်လုပ်သည့် ကုမ္ပဏီ များအား လိုက်လံစစ်ဆေး ခဲ့သည်။ နိုင်ငံတကာ ဓာတ်ခွဲခန်း များသို့ ပို့ဆောင် စစ်ဆေးမှုမှာ နှစ်လခန့် ကြာမြင့်မည် ဖြစ်ပြီး မေလကုန်တွင် ထုတ်ပြန် နိုင်မည်ဟု ခန့်မှန်းထားပြီး ကော်ဖီမှုန့် အစစ်အစား တခြား ပစ္စည်းများ အရောအနှော အသုံးပြုသည့် စက်ရုံများ တွေ့ရှိပါက ပိတ်သိမ်းသည် အထိ အရေးယူမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger