www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 5, 2016

အစေ့အဆန် နှင့် အခွံမာသီးအဆန် လက်တစ်ဆုပ်စားခြင်းက အသက်ပိုရှည်နိုင်



သက်ရှည်ကျန်းမာ စေဖို့ ထွေထွေထူးထူး လုပ်စရာ မလိုပါဘဲနဲ့ လူ့သက်တမ်း ကို နှစ်နှစ်လောက် ပိုရှည်စေနိုင်မယ် ဆိုရင် သင်တို့ အံ့သြ သွားကြလေ မလား။ လက်တစ်ဆုပ်စာ ၃ဝ ဂရမ်ခန့်  ပမာဏရှိတဲ့ အစေ့အဆန် (အခွံမာသီး အစေ့) လေးတွေကို ရက်သတ္တပတ် လျှင် ငါးရက် ဒါမှမဟုတ် နေ့တိုင်း စားပေးရုံပဲ ဖြစ်ပါတယ်။

၎င်း အစေ့အဆန်လေး တွေကို ကျန်းမာရေး သုတေသီတွေရဲ့ အကြီးစား လေ့လာမှု တစ်ရပ်ပြုလုပ်ခဲ့ပြီး တဲ့နောက်မှာ နေ့စဉ် လက် တစ်ဆုပ်ခန့် စားသုံးလေ့ရှိသူ တွေဟာ ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် သေဆုံးမှု လျော့နည်းပြီး အသက်ရှည်ရှည် နေနိုင်တာကို လေ့လာတွေ့ရှိ ခဲ့ရပါတယ်။

နောက်ထပ် လေ့လာမှု တစ်ရပ်မှာ မြေပဲ ဒါမှမဟုတ် အခွံမာသီး အစေ့အဆန်ကို ရက်သတ္တပတ် အတွင်း လက်နှစ်ဆုပ်စာ လောက်သာ စားလေ့ရှိတဲ့ အမျိုးသမီး တွေဟာ ရက်သတ္တပတ် အတွင်း နာရီတော်တော် များများ ခပ်သွက်သွက် လမ်းလျှောက် လေ့ကျင့်ခန်း လုပ်တဲ့ အမျိုးသမီး တွေလိုပဲ ကျန်းမာရေး အကျိုးကျေးဇူး ရရှိနိုင်ပါတယ်။

အမေရိကန် ပြည်ထောင်စု ဘော်စတွန်မြို့က Harvard University သုတေသီ တွေရဲ့ လေ့လာ ဆန်းစစ်ချက် အရ မြေပဲနဲ့ ပြုလုပ်ထားတဲ့ ထောပတ်မြေပဲကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှုန်းနဲ့ တစ်ပတ်မှာ ငါးရက် ဒါမှမဟုတ် နေ့တိုင်း စားသုံးတဲ့ အမျိုးသမီး တွေဟာ လုံးဝမစားတဲ့ ဒါမှမဟုတ် တစ်ကြိမ်တည်းသာ စားတဲ့ အမျိုးသမီး တွေထက် နှလုံးရောဂါ ဖြစ်နိုင်ခြေ အလားအလာကို ထက်ဝက်မျှ လျှော့ချပေး နိုင်တယ်လို့ ဆိုပါတယ်။ ဆယ်ကျော်သက် မိန်းကလေးတွေ အနေနဲ့လည်း မြေပဲ ဒါမှမဟုတ် အခွံမာသီး အစေ့အဆန် ကို တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ်နဲ့ အထက် စားသုံးသူတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ နည်းပါးတယ်လို့ အဖြေထွက်ရှိ ခဲ့ပါတယ်။

အဲဒီကိစ္စနှင့် ပတ်သက်ပြီး လေ့လာမှု အကြိမ် ၂ဝ ခန့်ပြုလုပ်ပြီးတဲ့ အခါမှာ လက်တစ်ဆုပ်စာ ပမာဏရှိတဲ့ အစေ့အဆန် တွေကို နေ့စဉ်တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်တိတိ စားသုံးသူ တွေဟာ အဝမလွန် စေတဲ့အပြင် ကိုယ်အလေးချိန် ကိုပါ ကျစေနိုင် ပါတယ်။

လေ့လာမှုတစ်ခု အရ Pistachio ခေါ် အစိမ်းရောင် ဆိမ့်ပြီး အဆန်ပါတဲ့ အခွံမာသီး အလုံး ၁၂ဝ တိတိ (ကယ်လိုရီ ၃ဝဝဝဝ ခန့် ) ကို သုံးလတာ နေ့စဉ်စားသုံး ပေမယ့်လည်း ကိုယ်အလေးချိန် ၁ အောင်စတောင် တက်မလာတာ ကို အတည်ပြုနိုင် ခဲ့တယ်။ အစာချေဖျက်စဉ် အစာချေ လမ်းကြောင်း တစ်လျှောက်မှာ ကယ်လိုရီ ၁ဝ ရာခိုင်နှုန်းဟာ သူ့ အလိုအလျောက် ပျောက်ပျက် သွားကြပါတယ်။ တခြား အစားအစာ တွေနဲ့ နှိုင်းယှဉ်တဲ့ အခါ အစေ့အဆန် တွေဟာ လူကိုအချိန်တို အတွင်းမှာပဲ ကယ်လိုရီ ၇ဝ ရာခိုင်နှုန်း တင်းတိမ်ရောင့်ရဲ စေနိုင်တာကြောင့် နောက်ထပ် အစာစားချင် စိတ်ကို ချိုးနှိမ်ထား နိုင်ပါတယ်။

ကယ်လိုရီ ၂ဝ ရာခိုင်နှုန်း က ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုကို တိုးတက်ကောင်းမွန် စေပြီး အဲဒီလိုဇီဝ ဖြစ်ပျက်နေစဉ် မှာပင် ခန္ဓာကိုယ်ထဲက အဆီပိုတွေကို လောင်ကျွမ်းသွား စေပါတယ်။ သုတေသီတွေရဲ့ အဆိုအမိန့် အရ အရွယ်ရောက်ပြီး ကျန်းမာရေး ကောင်းသူ တွေဟာ အစာစား ပြီးနောက် ရှစ်နာရီအတွင်း အဆီ ၂၀ ဂရမ် လောင်မြိုက် နိုင်တယ်။ သို့သော် သစ်ကြားသီး ကတော့ အဆီ လောင်မြိုက်ချိန် အတန်ငယ် ပိုကြာမှာ ဖြစ်ပါတယ်။

ဒါကြောင့် အသက်ရှည်ရှည် နေထိုင်နိုင်ဖို့ မြေပဲလို အခွံမာသီး အစေ့အဆန့် လေးတွေကို နေ့စဉ် လက်တစ်ဆုပ်စာ လောက်စားပေး ကြဖို့ တိုက်တွန်း ရေးသားလိုက် ရပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger