www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 9, 2016

နှင်းလျှောစီးစဉ် လက်အိတ်မချွတ်ဘဲ ဖုန်းအသုံးပြုနိုင်ရန် အတွက် Yodel Up လက်ပတ်ပုံစံ ကိရိယာတစ်မျိုးကို ဖန်တီး



နှင်းလျှောစီး ဝါသနာပါသူများ အတွက် ထူထပ်သော လက်အိတ်များ ဝတ်ဆင်ထား၍ နှင်းလျှောစီး နေစဉ် လက်အိတ်ချွတ်ရန် မလိုဘဲ ဖုန်းပြော၊ ဖုန်းခေါ်နိုင်ရန် အတွက် Yodel Up လက်ပတ်ပုံစံ ကိရိယာတစ်မျိုး ကို အင်ဂျင်နီယာ ဘွဲ့ရ ပညာရှင် နှစ်ဦးက ဖန်တီး လိုက်ကြောင်း သိရသည်။

နှင်းလျှောစီး ဝါသနာပါသူ များသည် နှင်းတောင်ပေါ်တွင် လျှောစီးကာ သီချင်း နားဆင်လေ့ ရှိကြရာ သီချင်းပြောင်းရန် အတွက် လည်းကောင်း၊ အသံ အတိုးအလျှော့ ပြုလုပ်ရန် အတွက် လည်းကောင်း Touch Screen ကို အသုံးပြုနိုင်ရန် အတွက် လက်အိတ်ကို မကြာခဏ ချွတ်ကြရသော ပြဿနာကို ကြုံတွေ့ကြ ရသည်။

ဖုန်း ဖန်သားပြင်ကို လက်ဖျားဖြင့် မထိရဘဲ ဖုန်း၏ အရေးပါသော စနစ်ကို အသုံးပြုနိုင်ရန် အတွက် ရောင်းချနေသော စက်ပစ္စည်းများ မရှိကြသဖြင့် အင်ဂျင်နီယာ ဘွဲ့ရ ထားကြသော နှင်းလျှောစီး ဝါသနာရှင် Darius နှင့် Ramin တို့သည် Yodel Up ကို စတင်ဖန်တီး ခဲ့ကြသည်။

လက်ကောက်ဝတ်တွင် နာရီတစ်ခု ကဲ့သို့ ပတ်ထားနိုင်သော Yodel Up မှာ အေးခဲနေသော နှင်းတောင်များ၌ လှုပ်ရှားမှုများ ပြုလုပ်လျှင် အသုံးပြုနိုင်ရန် အတွက် အကြမ်းခံနိုင်အောင် အထူး ဖန်းတီးထားပြီး အလွယ်တကူ ပြုတ်ကျခြင်း၊ ဖန်သားပြင် ကွဲလွယ်ခြင်းများ မရှိစေရန် အထူးသတိထား ပြုလုပ်ထားကြောင်း သိရသည်။

အသုံးပြုရာတွင် အဆင်ပြေ စေရန်နှင့် ရေစိုခံနိုင်စေရန် လည်း ပြုလုပ်ထားပြီး ပတ်ဝန်းကျင် အမျိုးမျိုးတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ နှင်းလျှောစီး၍ မတော်တဆ လဲကျနေပါက ရှေ့ရောက် နေသော မိတ်ဆွေတစ်ဦးကို အလွယ်တကူ ဆက်သွယ်နိုင်ရန် အတွက် Zello ဟု အမည်ရသည့် စကားပြောစက် ပုံစံ အလုပ်လုပ်သော အက်ပလီကေးရှင်း တစ်မျိုးကိုလည်း ထည့်သွင်း ပေးထားသဖြင့် သီးခြား စကားပြောစက် တစ်ခု ကိုင်ဆောင်ရန် မလိုအပ်ဘဲ မိမိ၏ မိတ်ဆွေများ နှင့် အဆက်မပြတ် ဆက်သွယ် ပြောဆိုနိုင်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger