www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 9, 2016

ခန္ဓာကိုယ်ပုံပျက်အောင် ၀သူများတွင် ဆီးချိုဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မား



လူလတ်ပိုင်း အရွယ်သို့ ရောက်လျှင် အဝမလွန်သည် ဖြစ်စေ၊ ခန္ဓာကိုယ် ပုံပျက်လာအောင် ဝလာ သူများသည် ကြွက်သား ကြံ့ခိုင်မှု အားနည်းခြင်း၊ နှလုံးခုန်အား နည်းခြင်း တို့ကြောင့် ဆီးချို အမျိုးအစား(၂) ဖြစ်ပွားနိုင်ခြေ ပိုမို မြင့်မားကြောင်း ဆွီဒင်နိုင်ငံ သုတေသီ များက ပြောပြသည်။

''အဝလွန်သည် ဖြစ်စေ၊ အဝမလွန်သည် ဖြစ်စေ၊ နောက်ဆုံး ကိုယ်အလေးချိန် ကောင်းမွန်နေသူ တွေမှာဖြစ်စေ Cardio လို့ ခေါ်တဲ့ နှလုံးခုန်အား ကောင်းအောင် ပြုလုပ်ပေးရတဲ့ အပြေး၊ အက၊ အခုန် လေ့ကျင့်ခန်း မျိုးတွေကို အလုပ်နည်းမယ်။ ကြွက်သား တည်ဆောက်မှု အားကလဲ လျော့လာမယ် ဆိုရင် ဆီးချို ဖြစ်နိုင်ခြေ အလွန်မြင့်မား နေပါတယ်'' ဟု သုတေသီ များက ပြောပြသည်။

အမျိုးသား ဦးရေ ၃၄ဝဝဝ ကို လေ့လာ ဆန်းစစ်ခဲ့ရာ နှစ် ရာခိုင်နှုန်း ထက်မနည်းတွင် ဆီးချိုရောဂါ ဖြစ်ပွားနေသည် ကို တွေ့ရကြောင်း ၊ ၄င်းတို့အနက် ထက်ဝက်ခန့် သည် အသက် ၄၆ နှစ်အရွယ်တွင် ဆီးချို စတင်ဖြစ်ပွား ခဲ့ခြင်းဖြစ် ကြောင်း၊ ၄င်းတို့ အားလုံးနီးပါး သည် ခန္ဓာကိုယ် ပုံပျက်အောင် ဝကြသူများ ဖြစ်ကြောင်း၊ အထူးသဖြင့် ဗိုက်ရွှဲသူများ ဖြစ်ကြောင်း သုတေသီများက ပြောပြသည်။

''တစ်ချိန်က အသက် ၄ဝ ကျော်မှ ဆီးချိုဖြစ်မှာကို စိုးရိမ်လို့ အားကစား လေ့ကျင့်ခန်းတွေ လုပ်ခဲ့ကြ တာဟာ အခု အများကြီးစောပြီး ကိုယ်လက် လှုပ်ရှားမှုတွေ စလုပ် ပေးမှ ဖြစ်မယ့် အနေအထား ကို ရောက်နေပါတယ်။ သင်ဟာ အသက် ၁၈ နှစ်လောက်ကို ရောက်နေပြီ ဆိုရင်ကို Jogging ပြေးပါ။ အေရိုးဗစ် ကစားပါ။ ယောက်ျား လေးတွေ ဘောလုံးကန်တာ အလွန် ကောင်းမွန်တဲ့ လှုပ်ရှားမှု ဖြစ်သလို ရေကူးတာ နဲ့လဲ လိုအပ်တဲ့ နှလုံးအား ကောင်းအောင် လေ့ကျင့်မှုကို ပြုလုပ်ပြီး ဖြစ်စေ ပါတယ်'' ဟု သုတေသီ များက ရှင်းပြသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger