www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 21, 2016

Tissot Smart Touch ၏ ဖန်သားပြင်၌ ဆိုလာစနစ်ဖြင့် အလုပ်လုပ်သော ရာသီဥတုတိုင်း ကိရိယာပါဝင်



ဝါရှင်တန် ၊ ၂၁-၃-၂၀၁၆

Tissot ကုမ္ပဏီက Tissot Smart Touch ကိုမိတ်ဆက်ပွဲဖြင့် ဖော်ပြခဲ့ရာ စိတ်လှုပ်ရှားဖွယ် Feature များ ပါဝင်ကြောင်း သိရသည်။ Tissot Smart Touch သည် ပြင်ပ လှုပ်ရှားမှုများ လုပ်ဆောင်ရာ၌ အသုံးပြု သွားနိုင်မည့် အသုံးအဆောင် ပစ္စည်းတစ်မျိုး ဖြစ်သည်။ မိမိ၏ စမတ်ဖုန်းနှင့် ချိတ်ဆက်၍ GPS စနစ်ကို အသုံးပြုနိုင်သည်။ Smart Touch ၏ ဖန်သားပြင်၌ ရာသီဥတု အချက်အလက် များကို ဖတ်နိုင်ရန် အတွက် ဆိုလာစနစ်ဖြင့် အလုပ်လုပ်သော ရာသီဥတုတိုင်း ကိရိယာငယ် တစ်မျိုးလည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် Tissot Smart Touch ၌ အမြင့်ပေတိုင်း ကိရိယာနှင့် ကမ္ဘာတစ်ဝန်းမှ စံတော်ချိန် အမျိုးမျိုး တို့ကိုလည်း ကြည့်ရှုနိုင်မည် ဖြစ်သည်။ ဘက်ထရီ သက်တမ်းမှာ တစ်ကြိမ်အားသွင်း ရုံဖြင့် တစ်နှစ်ခန့် အသုံးပြုနိုင်ပြီး ဆိုလာဆဲလ် များလည်း ပါဝင်ကာ နေရောင်ခြည် စွမ်းအင်ဖြင့်လည်း အားသွင်း နိုင်ဦးမည် ဖြစ်ကြောင်း သိရသည်။

စမတ်ဖုန်းများနှင့် ချိတ်ဆက် အသုံးပြုရာတွင် Bluetooth ဆက်သွယ်မှုဖြင့် ချိတ်ဆက်ကာ နိုင်ငံတကာ အချိန်ပြောင်းလဲမှု များကို ရှာဖွေလျက် မိုးလေဝသ အချက်အလက် များကိုလည်း ဖော်ပြပြီး GPS စနစ်ဖြင့်လည်း လမ်းညွှန်ပေး နိုင်သည်။ လမ်းညွှန်ပြ ရာတွင် GPS စနစ်က နာရီလက်တံ များကို အကျိုးရှိရှိ အသုံးချ၍ ညွှန်ပြသဖြင့် Tissot Smart Touch ၏ စိတ်ဝင်စားဖွယ် Feature တစ်ခု ဖြစ်ကြောင်း သိရသည်။

Tissot Smart Touch များကိုဒေါ်လာ ၁၁ဝဝ ဖြင့် ရောင်းချ သွားမည်ဟု သိရပြီး ၄င်းမှာ ချိုသာသော ဈေးနှုန်းတစ်ခု မဟုတ်သော်လည်း ဖုန်းနှင့် ဆက်သွယ်နိုင်သည့် စနစ်အပြင် သာမန်နာရီ များနှင့်လည်း ယှဉ်ပြိုင်နိုင် သည်ဟု သိရသည်။ Tissot Smart Touch နာရီများကို ရောင်းချရာတွင် ပထမ ရောင်းချသည့် နှစ်၌ နာရီအလုံးရေ ၂ဝဝဝဝ မှ ၄ဝဝဝဝ ထိ ရောင်းချသွားရန် စီစဉ်နေကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger