www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 9, 2016

Schneider Electric ကတည်ဆောက် ပေးထားသည့် သိပ္ပံစမ်းသပ်ခန်းတွင် ကျောင်းသားများ စက်မှုဆိုင်နည်းပညာများ လက်တွေ့စမ်းသပ်နိုင်ပြီ



ရန်ကုန် ၊ ၉-၃-၂၀၁၆

Schneider Electric ကုမ္ပဏီ၏ ပံ့ပိုးကူညီမှုနှင့် ငွေကျပ်သိန်း ၇ဝဝ တန်ဖိုးရှိ လက်တွေ့ စမ်းသပ်ခန်းကို တည်ဆောက် ခဲ့ရာ ယခုအခါ ကျောင်းသားများ စက်မှုဆိုင်ရာ နည်းပညာ များကို လက်တွေ့ စမ်းသပ်နိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်နည်း ပညာတက္ကသိုလ် မှ ကထိကတစ်ဦး၏ ပြောကြားချက် အရ သိရသည်။

လျှပ်စစ်နှင့် ပတ်သက်သော လက်တွေ့ခန်း တစ်ခုဖြစ်ပြီး အဆောက်အအုံ နှင့် လျှပ်စစ် နည်းပညာ သင်ထောက်ကူ ပစ္စည်း အားလုံးကို Schneider Electric ကုမ္ပဏီ နှင့် မိတ်ဖက်ကုမ္ပဏီ တချို့က ပံ့ပိုးကူညီပေး ထားခြင်း ဖြစ်ကြောင်း သိရသည်။

''လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခု ကျော်ကာလ နည်းပညာ တက္ကသိုလ်မှာ အဲဒီလို ပစ္စည်းမျိုးတွေ အသုံးပြု ခဲ့ဖူးတယ်။ အခုဒါကို ပြန်အသုံးပြု ဖို့စတင်ေ နတာပါ။ ကျောင်းသားတွေ အားလုံးကိုလည်း လက်တွေ့ စမ်းသပ်ခွင့်ပြုထားပါတယ်'' ဟု ရန်ကုန် နည်းပညာ တက္ကသိုလ်မှ ကထိက တစ်ဦးက ပြောသည်။

Schneider Electric ကုမ္ပဏီက ရန်ကုန်၊ သန်လျင်၊ ပြည်နှင့် မန္တလေး နည်းပညာတက္ကသိုလ် တို့၌ လျှပ်စစ်နှင့် ဆက်စပ်သော ပြိုင်ပွဲများ ကျင်းပပေးလျက် ရှိကြောင်း သိရသည်။

ရန်ကုန် နည်းပညာ တက္ကသိုလ် ကို ဂျပန်အစိုးရ နှင့် နိုင်ငံတကာ ပညာရေး အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ ကုမ္ပဏီများက သင်ထောက်ကူ ပစ္စည်းများကို ပံ့ပိုးကူညီ ပေးလျက် ရှိကြောင်း သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger