www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 9, 2016

ကိုကိုးကျွန်းနှင့် ဟိုင်းကြီးကျွန်းမြို့နယ် များသို့သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် ပင်လယ်သွား တပ်မတော်ဆေးရုံသင်္ဘော (သံလွင်) ပြန်လည်ရောက်ရှိ



နေပြည်တော် ၊ ၉-၃-၂၀၁၆

ပင်လယ်သွား တပ်မတော်ဆေးရုံ သင်္ဘော (သံလွင်)သည် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၆ ရက်အထိ ကိုကိုးကျွန်းနှင့် ဟိုင်းကြီးကျွန်း မြို့နယ်များသို့ သွားရောက်ကာ ဒေသခံ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက် ပေးခဲ့သည်။ ထိုသို့ ဆောင်ရွက်ပေး ခဲ့ရာ ယင်းမြို့နယ် များမှ ဒေသခံပြည်သူ ဆေးကုသမှု ဆိုင်ရာ ရောဂါ ၈၇၉ ဦး၊ ခွဲစိတ်ရောဂါ ၂ဝ၈ ဦး၊ သားဖွား၊ မီးယပ်ရောဂါ ၂၁ဝ ဦး၊ ကလေးရောဂါ ၁၉၇ ဦး၊ အရိုးရောဂါ ၇၃၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂ဝ၉ ဦး၊ မျက်စိရောဂါ ၁၁၉၉ ဦး၊ သွားရောဂါ ၃၇၅ ဦး၊ စုစုပေါင်း ၄ဝ၁၂ ဦးအား ဆေးရုံသင်္ဘော ပေါ်ရှိ အဆင့်မြင့် ကျန်းမာရေး စစ်ဆေးရေး စက်ကိရိယာ များဖြင့် ဆေးဝါးကုသ ဆောင်ရွက် ပေးခြင်းနှင့် ရောဂါရှာဖွေ ကုသ ပေးခြင်းများ ဆောင်ရွက် ပေးသည်။

ထို့ပြင် ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံ ပြည်သူများအား ပင်လယ်သွား တပ်မတော် ဆေးရုံသင်္ဘော (သံလွင်) ပေါ်၌ တက်ရောက် ကုသပေးပြီး ကိုယ်ဝန်ဆောင် တစ်ဦးအား အောင်မြင်စွာ ခွဲစိတ်မွေးဖွား ပေးနိုင် ခဲ့သည်။

အဆိုပါ ပင်လယ်သွား တပ်မတော်ဆေးရုံ သင်္ဘော(သံလွင်)သည် ယမန်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၅ဝ တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာရာ သန်လျင် တပ်နယ်မှ အရာရှိကြီး များနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger