www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 15, 2016

အမေရိကန်နိုင်ငံ လူးဝစ်ဆီယန်နာပြည်နယ် တွင် မိုးသက်လေပြင်းများ ကျရောက်ခဲ့ပြီးနောက် အိမ်ခြေ တစ်ထောင်ကျော်ခန့်ပျက်စီးဆုံးရှုံးကာ လူလေးဦးသေဆုံး



လူးဝစ်ဆီယန်နာ ၊ ၁၅-၃-၂၀၁၆

အမေရိကန် လူးဝစ်ဆီယန်နာ ပြည်နယ် မိုးသက်လေပြင်းများ တိုက်ခတ်သွားခဲ့ပြီးနောက် အိမ်ခြေပေါင်း တစ်ထောင်ကျော်ခန့် ပျက်ဆီးဆုံးရှုံးကာ လူလေးဦး သေဆုံးသွားခဲ့ကြောင်း Reuter သတင်းဌာနက မတ်လ ၁၄ ရက်တွင် ရေးသားဖော်ပြ သွားခဲ့သည်။

ပြီးခဲ့သော ရက်သတ္တပတ် အတွင်း အမေရိကန် ပြည်ထောင်စု မစ္စစ္စပီပြည်နယ်၊ အိုကလာဟိုမာ ပြည်နယ်တို့တွင် မိုးသက်လေပြင်းများ ကျရောက် ခဲ့ပြီးနောက် အိမ်ခြေပေါင်း ၅၀၀၀ နီးပါးခန့် ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။ 

အဆိုပါ မိုးသက်လေပြင်းသည် မစ္စစ္စပီပြည်နယ်၊ အိုကလာဟိုမာ ပြည်နယ်များသို့ ၀င်ရောက် ခဲ့ပြီးနောက် မတ်လ ၁၃ ရက်တွင် လူးဝစ်ဆီယန်နာ ပြည်နယ်သို့ ၀င်ရောက် သွားခဲ့ရာ လူလေးဦး သေဆုံးသွားခဲ့ပြီး၊ တံငါသည် နှစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။ 

အမေရိကန် မိုးလေ၀သနှင့် ဇလဗေဒဦးစီး ဌာနက ထုတ်ပြန်ကြေငြာ ခဲ့သည့် အတိုင်း လူးဝစ်ဆီယန်နာ ပြည်နယ်သို့ မိုးသက်လေပြင်း ကျရောက်ခဲ့ပြီး၊ မြစ်ရေလျှံတက် မှုများ ဖြစ်ပေါ်ခဲ့ကာ၊ မြစ်ရေများသည် မစ္စစ္စပီ ပြည်နယ်၏ ချိုင့်ဝှမ်းဒေသ များသို့ အဓိက ဦးတည်စီးသွား ခဲ့ကြောင်း သိရသည်။ လက်ရှိ လူးဝစ်ဆီယန်နာ ပြည်နယ်၏ အနိမ့်ပိုင်း ဒေသများနှင့် မစ္စစ္စပီ ပြည်နယ် ချိုင့်ဝှမ်းဒေသ များတွင် ရေဘေးဖြင့် ဆိုးဆိုးရွားရွား ရင်ဆိုင်နေရသည်။

အမေရိကန် သမ္မတ အိုဘားမား ကလည်း လူးဝစ်ဆီယန်နာ ပြည်နယ်အား အရေးပေါ် အခြေအနေ အဖြစ် ထုတ်ပြန်ကြေငြာ လိုက်ပြီး အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့အစည်းများနှင့် အခြားသော လက်နက်ကိုင် အဖွဲ့အစည်း များကို ရေဘေးသင့် ပြည်သူများအား ကူညီစေရန် အတွက် စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အမေရိကန် မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန၏ ထုတ်ပြန် ကြေငြာချက် အရ အာကန်ဆက် ပြည်နယ် တွင်လည်း မိုးသက်လေပြင်းများ ကျရောက်ခဲ့ပြီး၊ အထူးသဖြင့် လေတိုက်နှုန်း ပိုမိုပြင်းထန် ခဲ့ကြောင်း သိရသည်။ 

မြ၀တီနေ့စဉ် 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger