www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, March 13, 2016

တက္ကသိုလ် ၊ ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းဆင်း


ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ တက္ကသိုလ် ၊ ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၄) သင်တန်းသား ၊ သင်တန်းသူ များကို ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

ရန်ကုန် ၊ ၁၃-၃-၂၀၁၆

တက္ကသိုလ် ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) ၌ ကျင်းပသည်။

အခမ်းအနားတွင် အမျိုးသား ပညာရေး ကော်မတီဥက္ကဋ္ဌ ပညာရေး ဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ က ဒေသ အသီးသီးတွင် တာဝန်ထမ်းဆောင် နေကြသော ဆရာ၊ ဆရာမများ အနေဖြင့် ဒေသအလိုက်၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အလိုက် လူမှုစီးပွား ဖွံ့ဖြိုးရေးကို အထောက်အကူ ပြုနိုင်မည့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများ၊ ဒေသ အကျိုးပြု သုတေသန လုပ်ငန်းများ၊ နိုင်ငံ့ အကျိုးပြု သုတေသန လုပ်ငန်းများ ဆောင်ရွက်ပြီး ဈေးကွက်ဝင် သုတေသနများ အဆင့်ထိ ရောက်အောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ ပညာရပ်နယ်ပယ် အလိုက် ပိုင်နိုင် ကျွမ်းကျင်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်ထွန်းလာအောင် ဆရာ၊ ဆရာမများ အနေဖြင့် မိမိတို့၏ အရည်အသွေး သာမက ကျောင်းသား၊ ကျောင်းသူတို့၏ အရည်အသွေး ပါ တိုးတက်အောင် ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ က ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများကို ဆုများပေးအပ်ပြီး တပ်ခွဲ အလိုက် သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲ သို့ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ မြန်မာနိုင်ငံ ပညာရေး သုတေသန ဦးစီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန နှင့် ဆေးဘက်ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး နှင့် စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ် များမှ ပါမောက္ခချုပ်များ၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) ပါမောက္ခချုပ်၊ သမဝါယမ ဒီဂရီကောလိပ် (ဖောင်ကြီး) ကျောင်းအုပ်ကြီး နှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger