www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 14, 2016

အခွန်အများဆုံး ထမ်းဆောင်သူ ၁၀၀၀ စာရင်းတွင် မပါသည့်ကုမ္ပဏီများ မတ် ၃၁ ရက်မတိုင်မီ ကြိုတင်ခွန် ပေးဆောင်ရမည်


ရန်ကုန် ၊ ၁၄-၃-၂၀၁၆

အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံး နှင့် အလယ်အလတ် အခွန်ထမ်းများ ဆိုင်ရာ အခွန်ရုံး (၁) တို့တွင် အခွန် ပေးဆောင်ရသည့် ကုမ္ပဏီများမှ အပ ကျန်ကုမ္ပဏီ များမှာ ယခုနှစ် မတ် ၃၁ ရက်မတိုင်မီ ကြိုတင်ခွန် ပေးဆောင် ရမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန အလယ်အလတ် အခွန်ထမ်းများ ဆိုင်ရာ အခွန်ရုံး (၂) က ထုတ်ပြန် ကြေညာခဲ့သည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း အခွန်စည်းကြပ် ထိုက်သည့် ကုမ္ပဏီများမှာ ကြိုတင်ခွန် ပေးဆောင်ရမည် ဖြစ်၍ မတ် ၃၁ ရက်မတိုင်မီ အဆိုပါ အခွန်ရုံး (၂) သို့ အခွန်လာရောက် ပေးဆောင်ရမည် ဖြစ်သည်။

မပေးဆောင်သည့် ကုမ္ပဏီများကို ဒဏ်ရိုက်ခြင်းနှင့် ကုမ္ပဏီပိုင် ပစ္စည်းများကို လေလံတင် ရောင်းချခြင်း တို့ကို ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ နှစ်အဆက်ဆက် က အခွန်ကြွေးကျန်များ ကိုလည်း ပြည်တွင်း အခွန်များ ဦးစီးဌာန ရုံးချုပ်မှ ကွင်းဆင်း ကောက်ခံရေး အဖွဲ့က ဦးဆောင်၍ လိုက်လံ ကောက်ခံလျက် ရှိပြီး ပေးသွင်းရန် ကျန်ရှိသည့် အခွန်ကြွေးကျန် များကို ကုမ္ပဏီများက အချိန်မီ ပေးသွင်းကြရန် နှင့် လာရောက် ဆက်သွယ်ခြင်း မရှိသေးသည့် ကုမ္ပဏီများ ကလည်း အလယ်အလတ် အခွန်ထမ်းများ ဆိုင်ရာ အခွန်ရုံး (၂) သို့ အခွန်ဆိုင်ရာ ကိစ္စရပ်များကို လာရောက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

သတ်မှတ်ကာလ ကျော်လွန်သည် အထိ အခွန်လာရောက် ပေးဆောင်ခြင်း မရှိပါက ဝင်ငွေခွန် ဥပဒေပုဒ်မ ၄၆၊ ပုဒ်မခွဲ က နှင့် ခ တို့အရ လည်းကောင်း၊ ကုန်သွယ် လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁၊ ပုဒ်မ ခွဲ က၊ ခ၊ ဂ နှင့် ဃ တို့အရ လည်းကောင်း ဒဏ်တပ်ရိုက်ခြင်း နှင့် ကုမ္ပဏီ ပုံသေပိုင် ပစ္စည်းများအား လေလံတင် ရောင်းချခြင်းကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger