www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 22, 2016

၂၀၁၆-၂၀၁၇ ပညာသင်နှစ် ပညာရေးဘွဲ့ (ဘီအီးဒီ) အတွက် စာပေးစာယူ နှစ်နှစ်သင်တန်း ရန်ကုန်နှင့် စစ်ကိုင်း ပညာရေး တက္ကသိုလ်တို့က ၁၅၀၀ ဦးစီခေါ်မည်


ရန်ကုန် ၊ ၂၂-၃-၂၀၁၆

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် အတွက် ပညာရေးဘွဲ့ (ဘီအီးဒီ) စာပေးစာယူ နှစ်နှစ် သင်တန်းကို ရန်ကုန်ပညာရေး တက္ကသိုလ် နှင့် စစ်ကိုင်း ပညာရေး တက္ကသိုလ်တို့က ၁၅ဝဝ ဦးစီ ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် ပညာရေး တက္ကသိုလ်များ၌ ဖွင့်လှစ်မည့် ပညာရေးဘွဲ့ (ဘီအီးဒီ) စာပေးစာယူ နှစ်နှစ်သင်တန်း ပထမနှစ်ဝင်ခွင့် ပေးရာတွင် ဝင်ခွင့် စာမေးပွဲ ဖြေဆိုသော အလယ်တန်းပြ၊ အလယ်တန်းပြ နှင့် လစာနှုန်းတူ တခြား ပညာရေး ဝန်ထမ်း များကို ၁ဝ ရာခိုင်နှုန်း ၁၅ဝ ဦး၊ အထက်တန်းပြ ၅ဝ ရာခိုင်နှုန်း ၇၅ဝ ဦး၊ ပညာရေး ကောလိပ်မှ နည်းပြ ၁ဝ ရာခိုင်နှုန်း ၁၅ဝ ဦး၊ လုပ်သက် တန်းစီဇယား နှင့် ဝင်ခွင့်ရရှိ ရန် လျှောက်ထားသည့် အထက်တန်းပြ နှင့် အလယ်တန်းပြ ၃ဝ ရာခိုင်နှုန်း ၄၅ဝ ဦး တို့ကို အချိုးသတ်မှတ် ထားကြောင်း အဆင့်မြင့် ပညာဦးစီး ဌာနမှ သိရသည်။

''ဝင်ခွင့်ဖြေတဲ့ သူက ၁၅ဝဝ ဆိုရင် ၁ဝ ရာခိုင်နှုန်းမှာ အယောက် ၁၅ဝ ပေါ့။ အဲဒီလို အချိုးတွက် ထားတာ ဖြစ်ပါတယ်။ တက်ရောက်ခွင့် ပေးရမယ့်သူက အမျိုးမျိုး ရှိတော့ အားလုံးလည်း ပါနိုင်အောင် အချိုးကျ ခွဲဝေပြီး ဝင်ရောက်ခွင့် ပေးထားတာ ဖြစ်ပါတယ်'' ဟု ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် ပညာရေး တက္ကသိုလ်များတွင် ဖွင့်လှစ်မည့် ပညာရေးဘွဲ့ (ဘီအီးဒီ) စာပေးစာယူ နှစ်နှစ်သင်တန်း ပထမနှစ် ဝင်ခွင့် ရွေးချယ်မည့် အစီအစဉ်တွင် ဝင်ခွင့်ရေးဖြေ စာမေးပွဲသို့ မူလဘွဲ့တစ်ခု ရရှိပြီး အထက်တန်း၊ အလယ်တန်းပြ ဆရာ၊ ဆရာမများ သို့မဟုတ် အလယ်တန်းပြ နှင့် လစာနှုန်းတူ တာဝန် ထမ်းဆောင် နေသောသူ များသည် သင်ကြားရေး လုပ်သက် ၁၂ နှစ်နှင့် တခြားပညာရေး ဝန်ထမ်း များသည် လက်ရှိရာထူး လုပ်သက် ငါးနှစ်ကို ဒီဇင်ဘာ ၃၁ ရက်တွင် ပြည့်ပြီးသူများ လျှောက်ထားနိုင်သည်။

ထို့ပြင် လုပ်သက်တန်းစီ ဇယားဖြင့် တက်ရောက်ရန် ပညာရေးဘွဲ့ မရရှိသေးသော အထက်တန်းပြများ၊ အထက်တန်းပြ နှင့် လစာနှုန်းတူ သင်ကြားရေး ဆရာ၊ ဆရာမ များ၊ အထက်တန်းပြ လစာခံစား နေရသည့် မူလတန်း ကျောင်းအုပ်များ၊ အလယ်တန်းပြ သို့မဟုတ် မူလတန်း ကျောင်းအုပ် များသည် လက်ရှိရာထူး အနည်းဆုံး လုပ်သက် ၁ဝ နှစ်ကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ပြည့်ပြီးသူများ ဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger