www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 4, 2016

ကုလသမဂ္ဂ၏ ပိုမိုထိရောက်သော အရေးယူပိတ်ဆို့မှုများ ကြားကပင် ဒုံးပျံနှင့် နျူကလီးယားလက်နက်များ ထပ်မံစမ်းသပ် လာနိုင်သေးသည့် မြောက်ကိုရီးယား



ရှိန်းထက်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သည် မတ် ၄ ရက်တွင် မြောက်ကိုရီးယား အပေါ် အထိရောက်ဆုံး အရေးယူ ပိတ်ဆို့မှုများ ထပ်မံချမှတ် ခဲ့သည်။ အချက် ၁၆ ချက် ထပ်မံဖြည့်စွက် ထားခဲ့သော ယင်း အရေးယူ ပိတ်ဆို့မှုသည် မြောက်ကိုရီးယား ကို ချောင်ပိတ် ရိုက်မည့် အစီအစဉ် အများဆုံး ပါဝင်ခဲ့သည်။

သမိုင်းကြောင်း တစ်လျှောက် လုံခြုံရေး ကောင်စီက ချမှတ်ခဲ့ဖူးသည့် ပိတ်ဆို့မှုများ ထဲတွင် အဆိုးရွားဆုံး ဟု ခေါ်ဆိုနိုင်သည့် အီရန် အရေးယူ ပိတ်ဆို့မှု များထက်လည်း ပိုမိုပြင်းထန်ကာ မိုဘိုင်းလ်ဖုန်း ကအစ လက်ပတ်နာရီ အဆုံး အသေးငယ် ဆုံးသော ပစ္စည်းများပင် မြောက်ကိုရီးယား သို့ တင်ပို့ခွင့်၊ မြောက်ကိုရီးယား မှ တင်သွင်းခွင့် များ အားလုံးကို ပိတ်ပင်ထားခဲ့ပြီ ဖြစ်သည်။ မြောက်ကိုရီးယား ၏ အဓိက ဈေးကွက်များ ဖြစ်သော ဆီးရီးယား၊ အီရန်နှင့် ဗီယက်နမ် ဈေးကွက်များ တွင်လည်း မြောက်ကိုရီးယား နှင့် ဆက်စပ်နေသည့် ကုမ္ပဏီများကို လုံခြုံရေး ကောင်စီသည် Black List စာရင်း သွင်းခဲ့သည်။

ထို့ကြောင့် ယင်းကုမ္ပဏီ များသာ မြောက်ကိုရီးယား နှင့် ကုန်သွယ်မှု များကို မရပ်ဆိုင်းပါက နိုင်ငံတကာ ဈေးကွက်တွင် ထိုကုမ္ပဏီ များ၏ တံဆိပ်ပါသည့် ပစ္စည်း များမှာ ရောင်းချခွင့် ပိတ်ပင်ခံရမည် ဖြစ်သည်။ ထို့ပြင် ပင်လယ်ကူး ကုန်တင် သင်္ဘောကြီး ၃၁ စင်း ပိုင်ဆိုင်သည့် မြောက်ကိုရီးယား ၏ အကြီးဆုံး သင်္ဘောကုမ္ပဏီ Ocean Maritime Management Company (OMM) ကို လည်း လုံခြုံရေးကောင်စီ က Black List ထပ်မံသွင်းခဲ့ ပြန်သည်။ ထို့ကြောင့် OMM ၏ ကုန်သွယ်ခွင့် သည် နိုင်ငံတကာေ ဈးကွက်၌ ပိတ်ပင်ခံ ရတော့မည် ဖြစ်သည်။

North Korea tests submarine ballistic missile

Kim Jong Un surveys a North Korean submarine

တောင်ကိုရီးယား နှင့် ဖက်စပ် ကေဆောင် စက်မှုဇုန် ကိုလည်း တောင်ကိုရီးယား တို့က ရပ်ဆိုင်းထား ခဲ့သည့် အတွက် မြောက်ကိုရီးယား သည် နျူကလီးယား လက်နက် စမ်းသပ်ရန် ရန်ပုံငွေ အင်အား ကျိန်းသေ လျော့နည်းသွား တော့မည် ဖြစ်သည်။ ကေဆောင် စက်မှုဇုန်မှ ရသည့်ဝင်ငွေ ၇၅ ရာခိုင်နှုန်းကို မြောက်ကိုရီးယား က နျူကလီးယားနှင့် ဒုံးကျည် စမ်းသပ်မှု များတွင် အသုံးချခဲ့ပြီး တရုတ်၊ ရုရှား၊ အီရန်၊ ဗီယက်နမ်၊ ဆီးရီးယား တို့နှင့် ကုန်သွယ်မှုများ မှရရှိခဲ့သည့် ဝင်ငွေ အများစုကိုလည်း မြောက်ကိုရီးယား က လက်နက် စမ်းသပ်မှု များတွင် အသုံးချ ခဲ့သည်။

ယခု ထိုနိုင်ငံများရှိ မြောက်ကိုရီးယား နှင့် ဆက်စပ် ကုမ္ပဏီများ ကိုလည်း ကုလသမဂ္ဂက Black List သွင်း လိုက်သည်။ တရုတ်ကလည်း ယခုတစ်ကြိမ် မြောက်ကိုရီးယား အပေါ် လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကိုထောက်ခံခဲ့သည်။ တရုတ်၏ေ ထာက်ခံချက်ကို ရရှိရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် သီတင်းပတ် ခုနစ်ပတ်ကြာ ဆွေးနွေး ခဲ့ရသည်။ ယခုတရုတ်၏ ထောက်ခံချက်ကို ရရှိခဲ့ပြီ ဖြစ်သည်။ တရုတ်သည် မြောက်ကိုရီးယားကို ထိန်းချုပ်မရ နိုင်သည့်အဆုံး မှသာ ကာကွယ်မှုများကို ရပ်တန့်ပစ် ခဲ့သည်။ နိုင်ငံရေး သုတေသီ များက တရုတ်၏ တောင်တရုတ် ပင်လယ်ပြင်ရှိ ဒုံးပျံ ကာကွယ်ရေး စနစ်များနှင့် တိုက်လေယာဉ် များသည် မြောက်ကိုရီးယား ရန်ကို ပထမဆုံး ကာကွယ်ရန် ဖြစ်နိုင်သည် ဟုပင် ဝေဖန်ခဲ့ကြ သေးသည်။

လုံခြုံရေးကောင်စီ က အရေးယူ ပိတ်ဆို့မှု ချမှတ်ပြီး နာရီ အနည်းငယ် အကြာမှာပင် မြောက်ကိုရီးယား သည် လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့် အနေဖြင့် ပင်လယ်ပြင် သို့ ဒုံးပျံများ ပစ်လွှတ်ပြ ခဲ့သည်။

ထို့ကြောင့် မြောက်ကိုရီးယား ၏ တန်ပြန် တုံ့ပြန်မှုများ သည် နောက်ထပ် ရှိနေနိုင်သေး သဖြင့် နိုင်ငံရေး လေ့လာ စောင့်ကြည့်သူ များအဖို့ သံသယ ဝင်လျက် ရှိသည်။ မစမ်းသပ်ရ သေးသည့် တိုက်ချင်းပစ်ဒုံးပျံ ICBM ကို စမ်းသပ် လာနိုင်သည်။ ဖေဖော်ဝါရီလက စမ်းသပ် ပစ်လွှတ်ခဲ့သည့် တာဝေးပစ် ဒုံးပျံသည် မိုင်ပေါင်း ၈ဝဝဝ ခန့်ကို ပစ်နိုင်သည်။ ထို့ကြောင့် မိုင်ပေါင်း သောင်းချီ ပစ်နိုင်သည့် တိုက်ချင်းပစ် ဒုံးပျံနည်းပညာ ကို မြောက်ကိုရီးယား တို့ မပိုင်ဆိုင်ပါဟု မည်သူကမျှ ကျိန်းသေပေါက် မပြောနိုင်ခြင်း ဖြစ်သည်။

တင်းကျပ်လွန်းသည့် အရေးယူ ပိတ်ဆို့မှုများ ကြားကပင် မြောက်ကိုရီးယား သည် နောက်တစ်ကြိမ် နျူကလီးယား စမ်းသပ်မှုနှင့် ဒုံးပျံ စမ်းသပ်မှု များကို ပြုလုပ်လာနိုင် သေးသည်။ ဇန်နဝါရီလက ပြုလုပ်သည့် နျူကလီးယား စမ်းသပ်မှုဟု ခေါင်းစဉ်တပ် ထားသော ဟိုက်ဒရိုဂျင် ဗုံး စမ်းသပ်မှုသည် နျူကလီးယားဗုံး စမ်းသပ်မှု မဟုတ် သောကြောင့် နောက်တစ်ကြိမ် နျူကလီးယား စမ်းသပ်မှု ထပ်မံပြုလုပ် လာနိုင်သေးသည်။ မည်သည့် အချိန်ဟု အတိအကျ မပြောနိုင်သေး သော်လည်း မြောက်ကိုရီးယား ၏ မပြီးဆုံး သေးသည့် စမ်းသပ်မှုများက လုံခြုံရေး ကောင်စီ ၏ အရေးယူမှု များကြားကပင် ထပ်မံပေါ်ပေါက် လာနိုင် သေးသည်။

ထို့ကြောင့် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား တို့သည် မြောက်ကိုရီးယား ၏ နောက်တစ်ကြိမ် စမ်းသပ်မှု များကို သတိထား စောင့်ကြည့် နေကြခြင်း ဖြစ်သည်။ တောင်ကိုရီးယား က သူ့နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ် များကို တစ်ဟုန်ထိုး တိုးမြှင့်နေသည်။ ၂ဝ၁၅ ခုနှစ်တွင် တောင်ကိုရီးယား၏ လက်နက် ဝယ်ယူမှုသည် ကမ္ဘာ့ လက်နက် တင်သွင်းမှု နိုင်ငံများ စာရင်းတွင် နံပါတ်(၁) ချိတ်ခဲ့သည်။ ရေငုပ်သင်္ဘော တိုက်ခိုက်ရေး အုပ်စု ဖွဲ့စည်းရေး အတွက်လည်း ဂျာမနီထံမှ ရေငုပ်သင်္ဘောများ ဝယ်သည်။ ဧပြီလ ထဲတွင် ဂျာမနီက ဒုတိယမြောက် ရေငုပ်သင်္ဘောကို တောင်ကိုရီးယား တို့ ထပ်မံလက်ခံ ရရှိဦးမည် ဖြစ်သည်။

အမေရိကန် ကလည်း သူ၏ အဆင့်မြင ဒုံးပျံ ကာကွယ်ရေး စနစ်ကို အမေရိကန် ဒေါ်လာသန်း ၈ဝဝ အကုန်အကျ ခံကာ တောင်ကိုရီးယား တွင် လာချထားသည်။ ထို့ကြောင့် တောင်ကိုရီးယား အတွက် စိတ်ချရသည့် အနေအထားဟုေ ခါင်းစဉ်တပ်၍ ရသည်။ သို့သော်လည်း မြောက်ကိုရီးယား တွင် ဒုံးပျံ အစင်းပေါင်း ထောင်ချီ၍ ပိုင်ဆိုင်နေသည်။ အလွယ်တကူ ရွှေ့ပြောင်း နိုင်သည့် ရွေ့လျား ဒုံးပစ်စင်ပေါင်း ရာနှင့်ချီ ရှိနေသည်။ ကမ္ဘာ့ ကြောက်စရာ အကောင်းဆုံး ရေငုပ် သင်္ဘောအုပ်စု ကို ပိုင်ဆိုင်သည် မှာလည်း မြောက်ကိုရီးယား ဖြစ်သည်။

မြောက်ကိုရီးယား တွင် ရေငုပ်သင်္ဘောေ ပါင်း ၇၈ စင်းအထိရှိပြီး အမေရိကန်၏ ၇၂ စင်းထက် ခြောက်စင်း ပိုများသည်။ တောင်ကိုရီးယား ပိုင်သည့် ၁၄ စင်းထက် အဆပေါင်းများ စွာသာသည်။ တောင်ကိုရီးယား တို့ အစဉ်အမြဲ စိုးရိမ်နေရသည့် မြောက်ကိုရီးယား တို့၏ ဗျူဟာထဲတွင် မြောက်ကိုရီးယား ၏ ရေငုပ်သင်္ဘော တပ်ဖွဲ့သည် ထိပ်ဆုံးမှ ပါဝင်သည်။ ထို့ကြောင့် အများအမြင်တွင် စိတ်ချရသည်ဟု ယူဆထား သော်လည်း တောင်ကိုရီးယား တို့က သူတို့ လုံခြုံရေးကို စိတ်မချေ သးဘဲ အမေရိကန်၏ မဟာဗျူဟာမြောက် တာဝေး ဗုံးကြဲ လေယာဉ်ကြီးများ (B-52) နှင့် ရေငုပ်သင်္ဘော များကို လိုချင်နေခြင်း ဖြစ်သည်။

၂ဝ၁၅ ခုနှစ်က မြောက်ကိုရီးယား တို့ ရေငုပ်သင်္ဘော ပေါ်မှ ဒုံးပျံများကို စမ်းသပ်ပစ်လွှတ် ပြခဲ့သည်။ ထို့ကြောင့် ရေအောက်မှ ဒုံးပျံ ပစ်လွှတ်သည့် နည်းပညာကို မြောက်ကိုရီးယား တို့ ရရှိသွားခဲ့သည်။ အမေရိကန်နှင့် ကုလသမဂ္ဂ တို့၏ အရေးယူ ပိတ်ဆို့မှုများ ကြားကပင် မြောက်ကိုရီးယား တို့၏ လက်နက် စမ်းသပ်မှု တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင်နေသည်။ ယခုတစ်ကြိမ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ပိုမိုထိရောက်သည့် အရေးယူ ပိတ်ဆို့မှုများ သည်လည်း မြောက်ကိုရီးယားကို မည်မျှပင် အထိနာစေကာမူ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် အဖို့တော့ သူလိုချင်သည့် နျူကလီးယားနှင့် ဒုံးပျံ စမ်းသပ်မှုများကို ပိတ်ဆို့မှု များကြားကပင် နောက်တစ်ကြိမ် ထပ်မံ လုပ်ဆောင် လာနိုင် သေးကြောင်း လေ့လာရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger