www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 9, 2016

ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုး အဆောက်အအုံများ၏ သက်တမ်းကို အီတလီနိုင်ငံ Torino University မှ သုတေသနပြုလုပ်



မန္တလေး ၊ ၉-၂-၂၀၁၆

ပုဂံဒေသရှိ ရှေးဟောင်းစေတီ ပုထိုး အဆောက်အအုံ များ၏ သက်တမ်းကို အီတလီနိုင်ငံ၊ Torino University ရှိ TL ဓာတ်ခွဲခန်းတွင် သိပ္ပံနည်းနှင့် စမ်းသပ် သက်တမ်းတွက် သုတေတန ပြုလုပ်လျက် ရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန သတင်းများအရ သိရသည်။

အီတလီနိုင်ငံ Torino University မှ ဓာတ်ခွဲခန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် Dr.Frantino သည် ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသသို့ ရောက်ရှိ လေ့လာခဲ့ပြီး ပုဂံဒေသရှိ ပေါင်းကူးကုန်း ဘုရား၊ ကျောက်ြ မတ်မော် ဘုရားတို့၏ Sample များဖြင့် တည်ထား သက်တမ်းကို အီတလီနိုင်ငံရှိ TL ဓာတ်ခွဲခန်းတွင် သိပ္ပံနည်းဖြင့် သက်တမ်းများကို ခန့်မှန်းတွက်ချက် ခဲ့သည်။

ပုဂံဒေသတွင် ရှိသော ပေါင်းကူးကုန်း ဘုရားသည် နှစ်ထပ်စေတီ ဖြစ်ပြီး ဗိသုကာပုံစံသည် လောက နန္ဒာ စေတီတော် သဏ္ဌာန်တည်ရှိကာ၊ လက်ရေးစင်းပါ အုတ်ချပ် အထောက်အထား များအရ ရှေးဟောင်း သုတေသီများက ပျူခေတ် နှောင်းပိုင်းနှင့် ပုဂံခေတ်ဦး ကာလအေဒီ ၁ဝ-၁၁ ရာစုတွင် တည်ထား ခဲ့သည်ဟု သုံးသပ်ခဲ့ ကြသည်။ Dr.Frantino ၏ သိပ္ပံနည်းဖြင့် ပေါင်းကူးကုန်း ဘုရား Sample များကို တွက်ချက်မှု အရ ခန့်မှန်းခြေ သက်တမ်း အေဒီ ၁၃-၁၄ ရာစုဖြစ်ကြောင်း သိရသည်။

ပုဂံဒေသရှိ ကျောက်ြမတ်မော် ဘုရားသည် အတွင်းစေတီ၊အပြင်စေတီ ဟူ၍ နှစ်ထပ်စေတီ ဖြစ်ကာ ပုဂံခေတ် အစောပိုင်းကာလ ဖြစ်၍ ရှေးဟောင်း သုတေသီများက အေဒီ ၁၁ ရာစု အစောပိုင်းတွင် တည်ထား ခဲ့သည်ဟု သုံးသပ်ခဲ့ ကြသည်။ Dr.Frantino ၏ သိပ္ပံနည်းဖြင့် ကျောက်မြတ်မော် ဘုရား Sample များကို တွက်ချက်မှု အရ ခန့်မှန်းခြေ သက်တမ်း အေဒီ ၉ - ၁၁ ရာစုဖြစ်ကြောင်း သိရသည်။

မူလ အသုံးပြုကျန်ရှိ ပစ္စည်း အထောက်အထား များအပေါ် သုတေသီ များ၏ သုံးသပ် ခန့်မှန်းချက် သက်တမ်းနှင့် Dr.Frantino ထံမှ ပေးပို့လာသည့် သိပ္ပံနည်းဖြင့် Sample များကို ဓာတ်ခွဲခန်းတွင် စမ်းသပ် တွေ့ရှိသည့် ခန့်မှန်း သက်တမ်းများ နှိုင်းယှဉ် လေ့လာမှုများ အရ ကျောက်မြတ်မော် ဘုရားသက်တမ်း (ခန့်မှန်းချက်) မှာ ကိုက်ညီမှုရှိပြီး ပေါင်းကူးကုန်း ဘုရားသက်တမ်း (ခန့်မှန်းချက်) မှာ ရာစုနှစ် ကွာဟချက် ရှိနေသည်ကို တွေ့ရသည်။

သိပ္ပံနည်းကျ သက်တမ်း တွက်ချက်ရာတွင် ပြီးပြည့်စုံသော လေ့လာ စမ်းသပ်မှုများ ပြုလုပ်ရန်၊ အထူးသဖြင့် Measure of Environment Radioactivity ပြုလုပ်ရန် လိုအပ်ကြောင်း ယခုလို စစ်ဆေး စမ်းသပ်မှုတွင် သက်တမ်း ခန့်မှန်းမှုမှာ ငါးရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းထိ အတိုးအလျှော့ ရှိနိုင်သည် ဟုလည်း ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန သတင်းများအရ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger