www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 9, 2016

အကြမ်းဖက်သမားများ အသုံးပြုသည်ဟု ယုံကြည်ရသော အကောင့်ပေါင်း ၁၂၅ဝဝဝ ကျော်ကို Twitter က ဖျက်သိမ်း



ဝါရှင်တန် ၊ ၉-၂-၂၀၁၆

ကမ္ဘာပေါ်တွင် လူသုံးအများဆုံး လူမှုကွန်ရက် တစ်ခုဖြစ်သော Twitter ကို ကမ္ဘာတစ်ဝန်းရှိ အကြမ်းဖက် သမားများ ကလည်း အသုံးပြုပြီး အချင်းချင်း ချိတ်ဆက်ခြင်း၊ ဝါဒဖြန့်ခြင်းတို့ ပြုလုပ်သည်ကို သိရှိခဲ့ ပြီးနောက် Twitter သည် ၂ဝ၁၅ ခုနှစ် နှစ်လယ်ပိုင်း ခန့်မှစ၍ ယနေ့အချိန် အထိ အကြမ်းဖက် သမားများ အသုံးပြု နေသည်ဟု ယုံကြည်ရသော Twitter အကောင့်ပေါင်း ၁၂၅ဝဝဝ ကျော်ကို ဖျက်သိမ်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ISIS နဲ့ ဆက်နွှယ်နေတဲ့ အကောင့်တွေကို အဓိကထား ဖျက်သိမ်းခဲ့ ပါတယ်။ Twitter ကို အသုံးပြုပြီး အကြမ်းဖက်ဝါဒ ဖြန့်ဖို့ လုပ်ဆောင်တာမျိုး ကိုလဲ ပြစ်တင်ရှုတ်ချ ပါတယ်။ လူထုက မသင့်တော် ကြောင်း Report လုပ်ပြီး တိုင်ကြားတဲ့ အကောင့်တွေကို အမြန်ဆုံး ဖျက်သိမ်းနိုင်ဖို့ Twitter ဝန်ထမ်းတွေ ကိုလဲ ဆော်သြထား ပါတယ်'' ဟု Twitter ၏ အမေရိကန် အခြေစိုက်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

''အခုလို အကြမ်းဖက် သမားတွေရဲ့ အကောင့်တွေကို ဖျက်သိမ်းခဲ့ပြီး တဲ့နောက် Twitter ပေါ်မှာ အကြမ်းဖက် ဝါဒဖြန့်တာ မျိုးတွေ သိသိသာသာ လျော့နည်း သွားတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ ဘက်ကတော့ အကောင့်ကို ဖျက်သိမ်းတဲ့ အပြင် အဲဒီအကောင့် ပိုင်ရှင်ရဲ့ ကိုယ်ရေး အချက်အလက် တွေကို ရဲတပ်ဖွဲ့က ကြည့်ရှုဖို့ လိုအပ် လာတဲ့အခါ ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ပါပဲ'' ဟု ၎င်းက ဆက်လက် ပြောပြသည်။

ကမ္ဘာတစ်ဝန်း တွင်လည်း အကြမ်းဖက် သမားများက လူမှုကွန်ရက် များကို အသုံးပြုကာ တစ်ဖက်နှင့် တစ်ဖက် ချိတ်ဆက်ခြင်း၊ ဝါဒဖြန့်ခြင်းများကို လုပ်ဆောင် နေသည့်အတွက် အမေရိကန် အပါအဝင် နိုင်ငံတကာ အစိုးရအဖွဲ့ များက အကြမ်းဖက် လုပ်ငန်း ဆောင်ရွက်နေသော လူမှုကွန်ရက် အကောင့်များကို တွေ့ရှိလျှင် သက်ဆိုင်ရာကို အမြန်ဆုံး အကြောင်းကြား ပေးခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ရန် တောင်းဆို ထားကြောင်း သိရသည်။

၂ဝ၁၄ခုနှစ် နှစ်ကုန်ပိုင်းတွင် အစွန်းရောက် ဝါဒီများ၏ အကြမ်းဖက်ဝါဒ များကို ထုတ်လွှင့်  နေသော Twitter အကောင့်ပေါင်း ၄၆ဝဝဝ ထက်မနည်း ရှိခဲ့သည်။ ၂ဝ၁၅ ခုနှစ်တွင် ပို၍ များလာခဲ့ပြီး ကမ္ဘာတစ်ဝန်း တွင် Twitter ကို အသုံးပြုနေသူ ပေါင်း သန်း ၅ဝဝ ထက်မနည်း ရှိကြောင်း သိရသည်။

Twitter suspends 125,000 'terrorism' accounts

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger