www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 12, 2016

အင်တာနက် အခမဲ့အသုံးပြုနိုင်သည့် Facebook ၀န်ဆောင်မှုကို အိန္ဒိယနိုင်ငံ၌ ပိတ်ပင်



နယူးဒေလီ ၊ ၁၂-၂-၂၀၁၆

အိန္ဒိယ ဆက်သွယ်ရေး အာဏာပိုင် အဖွဲ့သည် နိုင်ငံအတွင်း၌ အခမဲ့ အသုံးပြုခွင့် ပေးထားသော Facebook ကုမ္ပဏီ၏ အင်တာနက် ဝန်ဆောင်မှုကို ပိတ်ပင် လိုက်ကြောင်း သတင်း ထုတ်ပြန်သည်။

Facebook သည် ၂ဝ၁၃ ခုနှစ်မှ စတင်၍ အိန္ဒိယနိုင်ငံ အတွင်း၌ ၄င်းတို့၏ internet.org ဝက်ဘ်ဆိုက်ကို အသုံးပြုကာ Facebook Application ဖြင့် အင်တာနက် အသုံးပြုခြင်းကို လစဉ်ကြေး ကောက်ခံခြင်း မရှိဘဲ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ Facebook သည် အဆိုပါ ဝန်ဆောင်မှုကို အိန္ဒိယနိုင်ငံ ရှိ ပြည်နယ် ခြောက်ခု၌ ခွင့်ပြုခဲ့ခြင်း ဖြစ်ကာ လူဦးရေ မြင့်မားသော အိန္ဒိယနိုင်ငံ၏ အခြေအနေ ကြောင့် သုံးစွဲသူ ဦးရေ ဘီလီယံ နှင့်ချီ၍ တိုးပွားလာရန် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သတ်မှတ် ကြသည်။

Facebook မှပေးအပ်ခဲ့သော ဝန်ဆောင်မှုကြောင့် အိန္ဒိယနိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ များသည် အင်တာနက် အသုံးပြုသူဦးရေ လျော့ကျ သွားမှုများ ဖြစ်ပေါ်နေသည့် အပြင် အင်တာနက် အသုံးပြုခ ကောက်ခံရာတွင် ရှုပ်ထွေးမှုများနှင့် ရင်ဆိုင် နေရခြင်းကြောင့် Facebook မှ ပေးအပ်လျက် ရှိသော ဝန်ဆောင်မှုကို ရပ်ဆိုင်းရန် ဇန်နဝါရီ လအတွင်းက တောင်းဆိုမှုများ ပြုလုပ်ခဲ့ ကြသည်။

အိန္ဒိယ ဆက်သွယ်ရေး အာဏာပိုင် အဖွဲ့သည် Facebook မှ ပေးအပ်လျက် ရှိသော ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ် လေ့လာ သုံးသပ်မှုများ ပြုလုပ် ခဲ့ပြီးနောက် နိုင်ငံအတွင်း၌ ချမှတ်ထားသော ဆက်သွယ်ရေး လုပ်ငန်းဆိုင်ရာ စည်းမျဉ်း တချို့နှင့် ကိုက်ညီခြင်း မရှိဟု သတ်မှတ်ကာ အသုံးပြုခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

Facebook မှ လူအများစု အင်တာနက် အသုံးပြုနိုင်ရန် ရည်ရွယ်ပေးအပ် ခဲ့သော ဝန်ဆောင်မှုကို ပိတ်ပင် လိုက်ခြင်းသည် ဝင်ငွေနိမ့်ကျမှုမှ ရုန်းထွက်နိုင်ရန် နည်းပညာ အကူအညီ ပေးအပ်မည်ဟု ရည်မှန်းထားသော ကုလသမဂ္ဂ အဖွဲ့၏ ရည်မှန်းချက် များကို မျက်ကွယ်ပြုရာ ရောက်ကြောင်း တုံ့ပြန် ခဲ့သည်။

Facebook's Free Basics service has been banned in India

မြ၀တီနေ့စဉ် ၊ စာ(၁၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger