www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 12, 2016

ခရီးသွားများ စိတ်ဝင်စားမှုများပြား လာသည့် မြစ်ကြီးနားမြို့အနီးမှ ဆဒုံးရေတံခွန်




( ကျော်ဇေယျ )

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှ မော်တော်ယာဉ်ဖြင့် တစ်နာရီကျော်ခန့် သွားရသည့် ခရီးအကွာ အဝေးတွင် မြင့်မားသော ကျောက်ဆောင်ပေါ်မှ အဆင့်ဆင့် စီးဆင်းလာသော ရေတံခွန်ငယ် တစ်ခုကို တွေ့မြင်ရမည် ဖြစ်ပြီး ယင်း ရေတံခွန်မှာ ဆဒုံးမြို့အနီး၌ တည်ရှိသည့် အတွက် ဆဒုံးရေတံခွန် ဟု ခေါ်ဆိုကြသည်။

အဆိုပါ ရေတံခွန်သည် မြစ်ကြီးနားမှ ကန်ပိုက်တီး နယ်စပ်မြို့သို့ သွားသည့် ကားလမ်းနံဘေး၌ တည်ရှိပြီး ကချင်ပြည်နယ်၏ ကိုလိုနီခေတ်က နယ်ချဲ့များကို တော်လှန်ခဲ့သော ဆဒုံး ခံတပ်ဟောင်း တည်ရှိရာ ဆဒုံးမြို့နှင့် မိုင်အနည်းငယ်မျှ ကွာဝေးသည့် နေရာ၌ ရေတံခွန် စီးကျလာသည့် ကျောက်ဆောင် အဆင့်ဆင့် ၁၁ ဆင့်ရှိသဖြင့် ၁၁ ထပ် ရေတံခွန်ဟု ခေါ်ကြ သကဲ့သို့ လန်နရေတံခွန် ဟုလည်း ခေါ်ြ ကကြောင်း ဒေသခံများ၏ ပြောကြားချက် အရ သိရသည်။

မြစ်ကြီးနား - ကန်ပိုက်တီး ကားလမ်းမှ ဆင်းလိုက်သည်နှင့် ချောင်းတစ်ဖက် ၌ရှိသော ရေတံခွန်ကို မြင်ေ တွ့ နေရသည်။ ထို့ပြင် ချောင်းနှင့် ရေတံခွန်ရှိရာ နေရာကို ကြိုးတံတား အသစ်တစ်စင်းဖြင့် ဆက်သွယ်ထားကာ ကြိုးတံတားမှ ဖြတ်ကူးပြီး ရေတံခွန် ရှိရာသို့ ရောက်အောင် သွားနိုင်သည်။ လက်ရှိတွင် ဆိုင်ကယ်၊ မော်တော်ယာဉ် ရပ်နားရန်နေရာ၊ စားသောက်ဆိုင် များနှင့် ဓာတ်ဆီ အရောင်းဆိုင် များဖြင့် စည်ကားနေပြီ ဖြစ်သည်။

''အရင်ကတော့ ချောင်းကို ဖြတ်ကူးဖို့ ဝါးတံတားလေး သာရှိခဲ့ပါတယ်။ ကြိုးတံတား ပေါ်ကနေ ဓာတ်ပုံရိုက် ရင်တော့ ရေတံခွန် တစ်ခုလုံး ပါအောင် ရိုက်လို့ ရပေမယ့် လှုပ်ယမ်းနေတဲ့ ကြိုးတံတား ကြောင့် လက်ငြိမ်အောင် ထားဖို့တော့ ခက်ခဲပါတယ်။ ဒါကြောင့် လူရှင်းတဲ့ အချိန်ကို စောင့်ပြီး ရိုက်ရပါတယ်။ အောက်ဘက်က စီးဆင်းနေတဲ့ ချောင်းလေး ကလည်း ကျောက်တုံးေ ကျာက်ဆောင်တွေ ကြားကနေ ဖြတ်သန်း စီးဆင်းနေတာမို့ ရေစီးသန်ပြီး အခုလို ရာသီဥတု မှာတော့ ချောင်းရေက ကြည်လင် သန့်စင်ပြီး အေးမြ နေပါတယ်'' ဟု ယင်း ခရီးစဉ်ကို သွားရောက်ခဲ့သူ တစ်ဦးက ပြောသည်။

ယင်းရေတံခွန် ခရီးစဉ်သည် Tango Tour & Trek မှစီစဉ်သော မြစ်ကြီးနား- ပန်ဝါ - ထိန်ချုန်း (တရုတ်နိုင်ငံ) ခရီးစဉ်ထဲတွင် ပါဝင်သည့် နေရာတစ်ခု ဖြစ်ပြီး တောင်မြင့်ပေါ်မှ သဘာဝအတိုင်း စီးဆင်းလာသော ရေတံခွန်တစ်ခု ဖြစ်သည်။

မတ်စောက်သော တောင်ပေါ်မှ စီးကျလာပြီး ၁၁ ဆင့်မျှ ရှိသည်ဟု ပြောဆိုကြ သော်လည်း မတ်စောက်ခြင်း၊ ကျောက်ဆောင် ပေါ်၌ တည်ရှိသောကြောင့် အလွတ်ဆင်း တက်ရန် ခက်ခဲခြင်း၊ တက်ရောက် သူများလည်း မတော်တဆမှုများ ရှိခဲ့သောကြောင့် တာဝန်ရှိ သူများမှ မတက်ကြရန် အသိပေး ဆိုင်းဘုတ်များ တပ်ဆင်ထား ရသည်။ လာရောက် အပန်းဖြေသူ များသည် ရေ တံခွန် အောက်ခြေရှိ ချောင်း၌ ရေဆော့ ကစားတတ်ကြပြီး အမှတ်တရ ဓာတ်ပုံ ရိုက်ကူးရန် နေရာကောင်း တစ်ခုလည်း ဖြစ်ကာ ယခင်က ရေတံခွန်သို့ အတက်အဆင်း နေရာများနှင့် ချောင်းသို့ကူးရန် နေရာများမှာ အဆင်သင့် မရှိသော်လည်း ယခုအခါ အတက်အဆင်း လမ်းများ ဖောက်လုပ်ခြင်း၊ တံတားထိုးထား ခြင်းကြောင့် ရေတံခွန်သို့ သွားရောက်ရန် လွယ်ကူ လာခဲ့သည်။

ထို့ပြင် ချောင်းဘေးနားရှိ ရွာလေး၌ ဖက်များဖြင့် ထုတ်ပြီး ရောင်းချသည့် ကချင်ထမင်း၊ ဟင်းနှင့် ကချင်ရိုးရာ အစားအသောက် များ ရောင်းချသည့် ဆိုင်များရှိပြီး ရေတံခွန်နှင့် တောတောင် သဘာဝ အလှပကို ခံစားနိုင် သကဲ့သို့ ဖက်နံ့သင်း နေသည့် ကချင်ရိုးရာ အစားအသောက် များကိုလည်း စားသောက် နိုင်ကြောင်း သိရသည်။

သို့ဖြစ်၍ မြို့ပြ၏ အငွေ့အသက် များဖြင့် မွန်းကျပ်နေသူများ၊ တောတောင် အလှအပ များကို ခံစားရင်း ခရီးသွားလာ ခြင်းကို နှစ်ခြိုက် တတ်သူများနှင့် ခရီးဆန်းဆန်း များကို သွားလာတတ် သူများအတွက် ဆဒုံးရေတံခွန် အလည်အပတ် ခရီးသည် အပန်းပြေ စိတ်လန်းဆန်းမှု ကို ပေးစွမ်း နိုင်မည်မှာ အသေအချာ ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger