www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 10, 2016

ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရောင်းချမှု ဈေးကွက်တွင် မွေးမြူရေး ရေချိုငါး တင်ပို့မှုပမာဏ ယခင်ထက် ၄၀ ရာခိုင်နှုန်းမြင့်တက်



ရန်ကုန် ၊ ၁၀-၂-၂၀၁၆

ပြည်ပသို့ ရေထွက်ကုန် ပစ္စည်းများ တင်ပို့ ရောင်းချမှု ဈေးကွက်အတွင်း ရေချိုငါးများကို ဖမ်းဆီးရရှိသည့် ကုန်ပစ္စည်းထက် မွေးမြူရေး လုပ်ငန်းများမှ ရရှိသော ကုန်ပစ္စည်း တင်ပို့မှု ပမာဏမှာ သိသိသာသာ မြင့်တက် လာကြောင်း ရေထွက်ကုန် ပစ္စည်း ထုတ်လုပ်သူများ နှင့် ပို့ကုန် လုပ်ငန်းရှင်များ အသင်း ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ တိုးနန္ဒာတင် က ပြောသည်။

ယခင်က ရေချိုငါးများ ပြည်ပသို့တင်ပို့ ရောင်းချရာတွင် ဖမ်းဆီးရေး လုပ်ငန်းများမှ ရရှိသည့် ထွက်ကုန်များ တင်ပို့ ရောင်းချမှုမှာ ၇ဝ ရာခိုင်နှုန်းကျော် နှင့် မွေးမြူရေး ထွက်ကုန်များ တင်ပို့မှုမှာ ၂ဝ ရာခိုင်နှုန်းကျော် အထိသာ ရှိခဲ့သော်လည်း ယခုအခါ ရေချို ငါးမွေးမြူရေး ထွက်ကုန်များ တင်ပို့မှုမှာ ၅ဝ ရာခိုင်နှုန်းနှင့် ဖမ်းဆီးရရှိသည့် ကုန်များ တင်ပို့ ရောင်းချမှုမှာ ၅ဝ ရာခိုင်နှုန်း အထိ ရှိလာပြီ ဖြစ်သည်။

ရေချိုငါး ထွက်ကုန်များ အနက် မွေးမြူရေး ထွက်ကုန်များ တင်ပို့မှုမှာ သိသိသာသာ မြင့်တက် လာသော်လည်း ရေငန်ငါး ထွက်ကုန်များ အနက် မွေးမြူရေး ထွက်ကုန်များ ယနေ့အထိ မြှင့်တင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

''ရေချိုငါးတွေကို မွေးမြူမှုက အရင်ထက်လည်း များလာတယ်။ ပြီးတော့ ကုန်ချော အဖြစ်လည်း ပြင်ဆင် ထုတ်လုပ် နိုင်တဲ့ ပမာဏက မြင့်တက်လာတယ်။ အဲဒီအတွက် ရေချိုငါး မွေးမြူရေး ထုတ်ကုန် တင်ပို့မှုက မြင့်တက်လာတာ။ ရေငန်ငါးတွေ မွေးမြူမှု ကို အဆင့်မြှင့်တင်မှုမပြုလုပ်နိုင် သေးဘူး'' ဟု ၄င်းက ဆက်လက်ပြောသည်။

ယခုအခါ တနင်္သာရီတိုင်း ဒေသကြီးအတွင်း ရေငန်ငါးမွေးမြူရေး ဇုန်တစ်ခု တည်ထောင်ရန် စီစဉ်လျက်ရှိပြီး ရေငန်ငါး မွေးမြူရေး လုပ်ငန်းများကိုလည်း အဆင့်မြှင့်တင် သွားရန် ပြင်ဆင်လျက် ရှိကြောင်း ရေထွက်ကုန် ပစ္စည်း ထုတ်လုပ်သူများ နှင့် ပို့ကုန် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ထက်နေ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger