www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 10, 2016

ဥရောပကို ဒုက္ခသည်လှိုင်းလုံးဖြင့် ဖုံးလွှမ်းမည်ဟု တူရကီသမ္မတ အာဒိုဂမ် ခြိမ်းခြောက်စကား ပြောကြား



ဘရပ်ဆဲလ် ၊ ၁၀-၂-၂၀၁၆

အရှေ့အလယ်ပိုင်း ဒုက္ခသည် ပြဿနာကို ကိုင်တွယ်ရေး အတွက် ကျေနပ်လောက်ဖွယ် သဘော တူညီချက်မျိုး ဥရောပ သမဂ္ဂ ခေါင်းဆောင် များက မပေးနိုင်ခဲ့လျှင် ဥရောပတိုက် အတွင်းသို့ တရားမ၀င် ရွှေ့ပြောင်း ၀င်ရောက်မှုများကို အလုံးအရင်းဖြင့်  ပို့လွှတ်မည် ဟူ၍ တူရကီ သမ္မတ အာဒိုဂမ် က ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ က ခြိမ်းခြောက် ခဲ့ကြောင်း ရိုက်တာ သတင်းဌာန က ဖော်ပြခဲ့သည်။

၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ က တူရကီသမ္မတ အာဒိုဂမ် နှင့် ဥရောပသမဂ္ဂ ထိပ်တန်း ခေါင်းဆောင်နှစ်ဦး တို့အကြား ကျင်းပခဲ့သော ဒုက္ခသည် ပြဿနာဆိုင်ရာ ဆွေးနွေးပွဲမှာ တင်းမာသည့် ဆွေးနွေးပွဲ ဖြစ်ခဲ့ရကြောင်း ဂရိ ဝက်ဘ်ဆိုက် တစ်ခုက ဖေဖော်ဝါရီ ၈ ရက်တွင် ဖော်ပြခဲ့သည်။

ဒုက္ခသည် ပြဿနာကို ကိုယ်တွယ် ရာတွင် ဥရောပ အနေဖြင့် ကျေနပ် လောက်သည့် သဘော တူညီချက်မျိုး တူရကီနိုင်ငံ အတွက် မပေးနိုင်ခဲ့ ပါက မိမိတို့အနေဖြင့် ဒုက္ခသည် များကို ဘတ်စ်ကားဖြင့် တင်၍ ဥရောပသို့ အချိန်မရွေး ပို့လွှတ်နိုင်ကြောင်း ဥရောပသမဂ္ဂ တာဝန်ရှိ သူများနှင့် ဆွေးနွေးစဉ် တူရကီသမ္မတ က ပြောကြား ခဲ့သည်။

ဥရောပသမဂ္ဂ တာဝန်ရှိသူများ သည် ဆီးရီးယား ဒုက္ခသည်များနှင့် တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်သူများ ဥရောပတိုက် တွင်းသို့ ဝင်ရောက်မှု တားဆီးရေး အတွက် တူရကီနိုင်ငံ၏ အကူအညီကို ရယူရန် ကြိုးပမ်းလျက် ရှိသည်။ ၂ဝ၁၅ ခုနှစ်အတွင်း ဥရောပတိုက် သို့ ဝင်ရောက် လာသော ဒုက္ခသည်နှင့် တရားမဝင် ဝင်ရောက် လာသော ဒုက္ခသည် အရေအတွက်မှာ တစ်သန်းကျော်ထိ ရှိခဲ့ပြီး အများစုမှာ တူရကီနိုင်ငံ နှင့် ဂရိနိုင်ငံ အကြား ပင်လယ်ရေပြင် ကို ဖြတ်သန်း၍ ဝင်ရောက် လာခဲ့ကြခြင်း ဖြစ်သည်။

သို့သော် တူရကီသမ္မတ ၏ ခြိမ်းခြောက်စကား မှန်၊ မမှန် အတည်ပြုရန် ဥရောပသမဂ္ဂ က ငြင်းပယ်ထားသည်။ ဂရိ သတင်းဝက်ဘ်ဆိုက် ၌ တူရကီသမ္မတ နှင့် ဥရောပသမဂ္ဂ တို့၏ ဆွေးနွေးပွဲ မည်သည့်အချိန်၊ မည်သည့်နေရာ ၌ ကျင်းပခဲ့သည်ကို ဖော်ပြထားခြင်း မရှိသော်လည်း တူရကီနိုင်ငံ ၊ အင်ကာရာမြို့ ၌  ၂ဝ၁၅ ခုနှစ် ၊ နိုဝင်ဘာ ၁၆ ရက်က ကျင်းပခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်ဟု သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger