www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 22, 2016

ပင်းတယမြို့ ရွှေဥမင်ဘုရားသို့ ပြည်ပခရီးသွား ဧည့်သည်များ ယမန်နှစ်ကထက် နှစ်ဆခန့် ပိုမိုလာရောက် လည်ပတ်



ပင်းတယ ၊ ၂၂-၂-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တစ်ခုဖြစ်သည့် ပင်းတယမြို့ရှိ ထင်ပေါ်ကျော်ကြား လူသိများသည့် ရွှေဥမင်ဘုရားနှင့် ပင်းတယဂူ သမိုင်းကို စိတ်ဝင်စား၍ ပြည် တွင်း၊ ပြည်ပမှ လာရောက် လည်ပတ်လျက် ရှိပြီး ပြည်တွင်း၊ပြည်ပ ခရီးသွား ဧည့်သည်မှာ ၂ဝ၁၅ ခုနှစ် ကထက်နှစ်ဆခန့် ပိုမိုလာရောက် ကြောင်း ရွှေဥမင်ဘုရား ဂေါပက အဖွဲ့ထံမှ သိရသည်။

''နေ့စဉ်လာရောက် လည်ပတ်တဲ့ အနယ်နယ် အရပ်ရပ်က ဘုရားဖူးကား တွေကို လေ့လာ ကြည့်တဲ့အခါ အရင်က သိပ်မလာဖူးတဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) နဲ့ မွန်ပြည်နယ်က ဒီနှစ်ပိုပြီး လာ တာကို တွေ့ရသလို ကမ္ဘာလှည့် ခရီးသွား ဧည့်သည် လာရောက် လည်ပတ်မှု အရေအတွက် က မနှစ်ကထက် နှစ်ဆလောက် ပိုတယ်။ ခရီးသွားရာသီ အစနဲ့ ရက်ရှည် ရုံးပိတ်ရက် တွေမှာ အရင်နှစ်က တစ်ရက်ကို ပြည်တွင်း၊ ပြည်ပ ဧည့်သည် အယောက် ၃ဝဝ လောက် လာရောက်ရာမှ ဒီနှစ်မှာ တစ်ရက်ကို အယောက် တစ်သောင်း လောက် လာတယ်။ လက်ရှိမှာ တစ်ရက်ကို နိုင်ငံခြားသား ဧည့်အယောက် ၂၀၀ လောက် လာရောက် လည်ပတ်တယ်'' ဟု ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အဆိုပါ ရှေးသမိုင်းဝင် ရွှေဥမင် တည်ရှိရာ ဂူများမှာ သဘာဝအရ ဖြစ်ပေါ်ခဲ့သည့် ထုံးကျောက်တောင် များဖြစ်ပြီး ဘူမိဗေဒ သက်တမ်းအရ နှစ်ပေါင်း သန်း ၂၀၀ ကျော် ရှိသည်။ ဂူအတွင်းရှိ ရှေးအကျ ဆုံးသော သစ်သား ဆင်းတုတော် ပလ္လင်စာ၊ ပိန္နဲဆံတော်နှင့် သစ်သား ဆင်းတုတော် ပလ္လင်စာ၊ သစ်သား ဘေသဇ္ဇဂုရု ပုံတော်စာ၊ သစ်သားမင်း ဝတ်ရုပ်ပွားတော် စာ၊ သစ်သား ကြာဖက်ဆောင်း ဗောဓိရိုး ပုံတော်စာ၊ သစ်သားဆံတော် ပိန္နဲဆူးရုပ်ပွား တော်စာများ အရ ကုန်းဘောင် ခေတ်ဦး ၁၈ ရာစုနှစ်လယ်မှ စတင် တည်ထား ကိုးကွယ်ခဲ့ဟု သိရသည်။ ကုန်းဘောင်ဆက် စဥ့်ကူးမင်း လက်ထက်စာများ အရ ဂူအတွင်း ဆင်းတုတော်များ ထွင်းထုပူဇော် ခဲ့သည်မှာ နှစ်ပေါင်း ၃ဝဝ ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ရွှေဥမင် ဂူဘုရားကြီး၏ ဂူဝသည် ၇၅ ပေခန့် ကျယ်ဝန်း၍ အရှည်မှာ ပေ ၄၉ဝ ရှည်လျားသည်။ ဂူအတွင်းရှိ ရွှေဥမင်စေတီ၊ ရသေ့ တရားကျင့်ဂူ၊ ဝင်္ကပါလမ်း၊ တရား အားထုတ်ရာ နေရာ အစရှိသည့် စိတ်ဝင်စားဖွယ် နေရာ ၂ဝ ရှိပြီး ဝင်ရောက် ကြည့်ရှုလေ့လာ နိုင်ကြောင်း သိရသည်။ (၁၇၅)

ရတနာပုံနေ့စဉ် ၊ စာ(၂၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger