www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 22, 2016

ပြင်သစ်နိုင်ငံမှ ကြီးမှူး ကျင်းပသော ကမ္ဘာ့အကြီးမားဆုံး သင်္ချာပြိုင်ပွဲ၌ မြန်မာကျောင်းသား ကျောင်းသူများ ပါဝင်ရန် ဖိတ်ခေါ်ထား



ရန်ကုန် ၊ ၂၂-၂-၂၀၁၆

ပြင်သစ်နိုင်ငံမှ ကြီးမှူး၍ ကမ္ဘာ့ အကြီးမားဆုံး Maths Kangaroo ပြိုင်ပွဲကို မကြာမီ ကျင်းပသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ အခြေခံပညာ မူလတန်းမှ အလယ်တန်း အဆင့်ရှိ ကျောင်း သား၊ ကျောင်းသူများ ပါဝင် ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ် ထားကြောင်း သိရသည်။

Maths Kangaroo ပြိုင်ပွဲသည် ကမ္ဘာ့အကြီးဆုံး သင်္ချာပြိုင်ပွဲ တစ်ခုဖြစ်ပြီး ပြိုင်ပွဲ၌ ဆုရရှိ ပါကလည်း ကျောင်းဆက်လက် တက်ရောက် နိုင်ရန် အထောက်အကူ များစွာ ပြုစေမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံရှိ T&H Maths Centre မှ ကြီးမှူး ကျင်းပခွင့် ရရှိထားပြီး T&H Maths Centre ၌ ပထမအဆင့် အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွား ရမည် ဖြစ်သည်။

ပထမအဆင့် တွင် ပထမ၊ ဒုတိယ၊ တတိယ အဆင့်ရရှိသည့် ကျောင်းသားများ အနေဖြင့် နိုင်ငံတကာမှ ပထမ၊ ဒုတိယ၊ တတိယ အဆင့်တို့ နှင့် ဟောင်ကောင်၌ ဆက်လက်၍ သွားရောက် ယှဉ်ပြိုင်ရ မည် ဖြစ်သည်။

ပြည်တွင်း၌ ကျင်းပမည့် ပထမအဆင့် ပြိုင်ပွဲတွင် ကျောင်းသား ဦးရေ ကန့်သတ်ချက် မရှိဘဲ အခြေခံပညာ မူလတန်းမှ အလယ်တန်း အဆင့်ထိ တက်ရောက် နေသော ကျောင်းသား၊ ကျောင်းသူ မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင် သွားနိုင်ကြောင်း T&H Maths Centre မှ မန်နေဂျာ ဒေါက်တာ သက်ဇော် က ပြောသည်။

Maths Kangaroo ပြိုင်ပွဲအတွက် T&H Maths Centre ၌ ပထမအဆင့် ပြုလုပ်ပေးမည့် ပြိုင်ပွဲကို မတ် ၁၇ ရက်တွင် T&H Maths Centre ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ပထမအဆင့်မှ ရွေးချယ်ခံရ သူများသည် နိုင်ငံတကာမှ ရွေးချယ် ခံရသည့် ကျောင်းသား၊ ကျောင်းသူ များနှင့် ဒုတိယအဆင့် အနေဖြင့် ဟောင်ကောင်၌ တွေ့ဆုံယှဉ်ပြိုင် သွားရမည် ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်ရန် စိတ်ပါဝင်စား သူများ အနေဖြင့် မတ် ၃ ရက် နောက်ဆုံးထား၍ T&H Maths Centre ၌ စာရင်းပေးသွင်း ရမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲသည် ကမ္ဘာ့ အကြီးဆုံးပြိုင်ပွဲ တစ်ခုဖြစ်ပြီး မြန်မာ ကျောင်းသား၊ ကျောင်းသူများ၏ သင်္ချာအဆင့် စွမ်းဆောင်ရည် ကို သိရှိနိုင်စေရန် ယခုကဲ့သို့ ဝန်ဆောင်မှု ပေးခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောသည်။

အဆိုပါ သင်္ချာပြိုင်ပွဲအား စိတ်ပါ ဝင်စား၍ ယှဉ်ပြိုင်လိုသူ များအနေဖြင့် အသေးစိတ် အချက်အလက် များကို T&H Maths Centre ဖုန်း - ဝ၁ - ၅၅၂၅၇၄ နှင့် ဝ၁ - ၂၂၉၈၈၆ တို့သို့ ဆက်သွယ် စုံစမ်း ဆောင်ရွက် နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger