www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 12, 2016

၂၇ နှစ်ကျော်ကြာ သင်ကြားမှုပျောက်ကွယ်ခဲ့သည့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ ပိုမိုစိတ်ဝင်တစား သင်ယူလာကြ



ရန်ကုန် ၊ ၁၂-၂-၂၀၁၆

၂၇ နှစ်ကျော်ကြာ သင်ကြားမှု ကွယ်ပျောက်ခဲ့ ရသည့် နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်ကို ယခုအခါ ကျောင်းသား၊ ကျောင်းသူများ ပိုမိုစိတ်ဝင် တစား သင်ယူ လာကြကြောင်း ရန်ကုန် တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ဌာနမှူး ဒေါက်တာ ချောချောစိန် က ပြောသည်။

လူငယ်များအတွက် နိုင်ငံရေး သင်ခန်းစာများ ပါဝင်သော နိုင်ငံတကာ ဆက်ဆံရေး ပညာဘွဲ့လွန် ဒီပလိုမာ အချိန်ပိုင်း သင်တန်း (Diploma in International Relations -DIR) ကို လျှောက်ထားသူ များပြားလာပြီး
လက်ရှိအချိန်ထိ တက်ရောက် သင်ကြားသူ ကျောင်းသား၊ ကျောင်းသူပေါင်း ၁ဝဝဝဝ ကျော် ရှိကြောင်း သိရသည်။

''လက်ရှိမှာတော့ သင်ယူတဲ့သူ ၁ဝဝဝဝ ကျော် ရှိလာပါပြီ။ အောင်လက်မှတ် ပေးတော့ သူတို့အတွက်လည်း အဆင်ပြေ လာတယ်။ နောက်ပိုင်း သံတမန်ရေးရာလို အလုပ်မျိုး တွေမှာ ဒီလိုဘွဲ့ကို ဦးစားပေး ခေါ်လာပါပြီ။ နိုင်ငံခြားရေး ဌာနလို နေရာမျိုးတွေမှာ ဝင်ရောက် လုပ်ကိုင်နိုင်မယ်။ ကုမ္ပဏီတွေ ကလည်း နိုင်ငံရပ်ခြားနဲ့ ဆက်ဆံတဲ့ အခါ ဒီဘွဲ့ရတဲ့သူကို အကြံပေး ခန့်အပ်ထားတာ တွေရှိလာပါပြီ'' ဟု ၄င်းက ဆက်လက် ပြောသည်။

လူငယ်အများစု စိတ်ဝင်တစား လေ့လာသည့် နိုင်ငံရေးနှင့် ဆက်နွှယ်သော ဘာသာရပ်မှာ နိုင်ငံတကာ ဆက်ဆံရေး ပညာ (International Relations) ဖြစ်ပြီး ယင်း ဘာသာရပ်ကို ရန်ကုန် တက္ကသိုလ် ဒီပလိုမာတန်း အဖြစ် ၂ဝဝ၃ ခုနှစ်မှ စတင်ပို့ချခဲ့ရာ ၂ဝဝ၈ ခုနှစ် နောက်ပိုင်းတွင် လူငယ်အများစု ပိုမို စိတ်ဝင်စား လာခြင်းကြောင့် တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့ကြောင်း သိရသည်။

''နိုင်ငံရေးကို စိတ်ဝင်စားတယ် ဆိုရင် ကမ္ဘာ့ နိုင်ငံရေးရော မြန်မာ့နိုင်ငံရေး ပါ သင်ကြား ပေးမယ်။ သင်တဲ့အခါ မှာလည်း အခြေခံ အကြောင်းရင်း တွေကို စသင်ပေး ပါတယ်။ ဝင်ခွင့်ကို အင်္ဂလိပ်လို ဖြေရမယ်။ ဘာလို့လဲ ဆိုတော့ အင်္ဂလိပ်လို သင်မှာ။ မြန်မာလို လည်း ပြန်ရှင်းပြ သွားမယ်။ အခြေခံ ရှိ၊ မရှိ သိချင်လို့ စစ်တာ ဖြစ်ပါတယ်'' ဟု ယင်း သင်တန်း တက်ရောက်နေသူ တစ်ဦးက ပြောသည်။

သင်တန်းကာလမှာ ကိုးလ ကြာမြင့်မည် ဖြစ်ပြီး သင်တန်းကြေးကို ကျပ် ၆ဝဝဝဝ သတ်မှတ် ထားကြောင်း သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger