www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 19, 2016

နေပြည်တော်ရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ တည်ဆောက်ရေး စီမံကိန်း စုစုပေါင်း ၄၅ ရာခိုင်နှုန်းခန့် ပြီးစီး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ တည်ဆောက်ရေး စီမံကိန်းအတွင်း လှည့်လည်ကြည့်ရှုစဉ်

နေပြည်တော် ၊ ၁၉-၂-၂၀၁၆

အငြိမ်းစား တပ်မတော်သား မိသားစုဝင်များ၊ အကြောင်း အမျိုးမျိုးကြောင့် တိုင်းပြည်အတွက် အသက်စွန့်ခဲ့ ကြသော စစ်သည်များ၏ ကျန်ရစ်သူ မိသားစုများနှင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် ပေးဆပ်ခဲ့ကြ သူများကို ကြည့်ရှု စောင့်ရှောက်ရန် အတွက် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေကြာပင်လမ်း နှင့် ရတနာမဉ္ဇူ လမ်းဆုံတွင် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ ကို ဆောက်လုပ်လျက် ရှိသည်။

ထိုသို့ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့ နံနက်ပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့နှင့် အတူ သွားရောက် ကြည့်ရှုကြရာ စီမံကိန်း ရှင်းလင်းဆောင်တွင် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး မှ ဒုတိယ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး အောင်မြိုင် က ရိပ်သာ အဆောက်အဦ နှင့် အုပ်ချုပ်မှု အဆောက်အဦများ ဆောက်လုပ်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းကြည် (အငြိမ်းစား) က ဘိုးဘွားများ နေထိုင်ရေးနှင့် စားသောက်ရေး စီစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေ များကို ဖြည့်စွက် ရှင်းလင်းသည်။

ရှင်းလင်း တင်ပြမှုအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တည်ဆောက်ရေး လုပ်ငန်းများကို ထိထိ ရောက်ရောက်ဖြင့် လုပ်ငန်း ပြီးမြောက်အောင် ကြပ်မတ် ဆောင်ရွက်ရေးနှင့် ရိပ်သာတွင် နေ ထိုင်မည့် ဘိုးဘွားများ၏ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် နိုင်ရန် လူနာတင်ယာဉ်၊ ဆရာဝန်၊ သူနာပြုများ နှင့်ဆေးဝါးများ ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အခြေအနေ များကို ဖြည့်စွက် ပြောကြားသည်။

ထို့နောက် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ တည်ဆောက်ရေး စီမံကိန်းအတွင်း လှည့်လည် ကြည့်ရှု၍ အဘိုးအဘွားများ အဆင်ပြေစွာ နေထိုင်နိုင်ရေး  အတွက် လိုအပ်ချက် များနှင့် အရိပ်ရအပင် များအား စတင် စိုက်ပျိုးရန်တို့ ကို အကြံပြု ပြောကြား ခဲ့သည်။

ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ တည်ဆောက်ရေး စီမံကိန်းကို ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် စတင် ဆောင်ရွက်ခဲ့ပြီး ယနေ့အထိ စုစုပေါင်း ၄၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger