www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, February 21, 2016

ကျန်းမာရေးနှင့် လျော်ညီသော အလေ့အကျင့်များတွင်လည်း ဘေးထွက်ဆိုးကျိုးများ ရှိနေ



ကျန်းမာရေးကို လိုက်စားတယ် ၊ အစားအစာကို အာဟာရ မျှတအောင် စနစ်တကျ စားသုံးတယ် ၊ အရှင်ဓာတ်ဖြစ်တဲ့ အသီးအရွက်တွေကို မှန်မှန်စားတယ် ဆိုပေမယ့် အဲဒီလို ကျန်းမာရေး နဲ့ လျော်ညီလှပါတယ် ဆိုတဲ့ အလေ့အကျင့် တွေမှာကို ဘေးထွက်ဆိုးကျိုး တွေ ရှိနေပါတယ်။

၁။ မုန်လာဥနီတွေ စားပြီးရင် အရေပြား လိမ္မော်ရောင် သမ်းတတ်ပါတယ်။   လိမ္မော်ရောင်ရှိတဲ့ အသီးအရွက် တွေကို  များများစားမိရင်  အရေပြား လိမ္မော်ရောင် သမ်းတဲ့   ကာရိုတီနီး မီးယား ဝေဒနာကို ခံစား ရပါတယ်။ လူကို မထိခိုက် စေနိုင်ပေမယ့် အရေပြားမှာ လိမ္မော်ရောင် အစက်ပြောက်တွေ ထွက်လာလေ့ ရှိပါတယ်။  ကုစားနည်း ကတော့  လွယ်ပါတယ်။  လိမ္မော်ရောင် အသီးအရွက် တွေချည်း  မစားနဲ့ပေါ့။  အစိမ်း ရောင်၊ အဝါရောင် အသီးအရွက် တွေကိုလဲ မျှတအောင် စားပေါ့။   တစ်ကြိမ်တစ်ခါ   အရေပြား လိမ္မော်ရောင် သမ်းသွားပြီးရင် အရေပြား အရောင် ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့  တစ်ရက် လောက်ကြာ တတ်ပါတယ်။    တကယ်တော့  ကျန်းမာရေး အတွက်   စိတ်ပူပြီး   အများကြီး စားကြလို့ပါ။ တစ်ရက်ကို    လိမ္မော်ရောင် အသီးအရွက် နှစ်ခုလောက် စားလိုက်ရင် လုံလောက်ပါတယ်။

၂။ အချို့ဓာတ်စာတွေကို စားပြီးရင် တုပ်ကွေးဖျား ချင်သလို ခံစားရလေ့ရှိ ပါတယ်။ ကြက်သွန်နဲ့ အခြား သစ်ဥသစ်ဖု တွေဟာ ခန္ဓာကိုယ်ထဲက မကောင်း တဲ့ ဗက်တီးရီးယား တွေကို သေစေပါတယ်။ ဒါပေမဲ့ ဒီ ဗက်တီးရီးယား တွေ သေဆုံးတဲ့ အချိန်မှာ အဆိပ်အတောက် တွေကို ခန္ဓာကိုယ်ထဲ ထုတ်လွှတ် ပါတယ်။ အဲဒီ အဆိပ်အတောက် တွေကြောင့် သင့်မှာ တုပ်ကွေးဖျား ချင်သလိုမျိုး ခံစားရ နိုင်ပါတယ်။ ဒါကြောင့် ကြက်သွန် အစရှိတဲ့ သစ်ဥသစ်ဖုမျိုးဝင် အသီးအရွက် တွေကို စားရင် မလိုလားအပ်တဲ့ ဗက်တီးရီးယား တွေကို သေစေတယ် ဆိုပေမယ့် ဘေးထွက်ဆိုးကျိုး ရှိနေသေးတဲ့ အတွက် သင့်တင့်မျှတစွာ စားတာက ပိုကောင်း ပါတယ်။

၃။ ဖိုင်ဘာ တစ်သျှူးမျှင်တွေဟာ ဝါယောဓာတ်ကို  အားပေးပါတယ်။ ထမင်းဖြူစားလို့ အဆီတက်တယ် ဆိုပြီး ဆန်ကြမ်းတွေ ချက်စား၊ ပေါင်မုန့် အဖြူစားရင်လဲ ဝိတ်တက်တယ် ဆိုပြီး ပေါင်မုန့် အညိုတွေ စားပြီးတော့ ရင်ပြည့်၊ ရင်ကယ် သလိုဖြစ်ပြီး တစ်နေကုန် လေလည်လို့ မကုန်တာမျိုး ကြုံ ဖူးကြမှာပါ။ ဒါဟာ ဆန်ညိုကြမ်းနဲ့ ပေါင်မုန့်ကြမ်း တို့မှာပါဝင်တဲ့ ဖိုင်ဘာဓာတ် ကြောင့် ဖြစ်ပါတယ်။ ဖိုင်ဘာဓာတ် လွန်ကဲရင် လေနဲ့အူဟာ ဗက်တီးရီးယား နဲ့ ဓာတ်ပြုပြီး လေလည်လို့ မဆုံးနိုင်အောင် ဖြစ်တတ်ပါတယ်။ အစားအစာ ကယ်လိုရီ ၁ဝဝဝ မှာ ဖိုင်ဘာ တစ်သျှူးမျှင် ဓာတ် ၁၄ ဂရမ်ပဲ စားပေးရမှာ ဖြစ်ပါတယ်။

၎။ ဝိုင် အနီရောင်ဟာ သင့်အပြုံးကို ပျက်စီး စေပါတယ်။ ဆဲလ်တွေမှာ ဖြစ်ပွားတဲ့ အဆိပ်အတောက် တွေကို ဖယ်ရှားသန့်စင် ပေးနိုင်ပြီး သွားပျက်စီးမှု ကိုလဲ ကာကွယ် ပေးတယ်ဆိုပေမယ့် သွားအရောင် ဖွေးတာ ကိုတော့ လျော့ စေတယ်ဆိုတာ သတိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဝိုင်အနီ သောက် ပြီးရင် သွားပေါ်မှာ ဝိုင်အရောင်စွဲ မနေအောင် ဒိန်ခဲစားပါ။ ဒါမှမဟုတ် အချဉ်ပါတဲ့ အသီးတစ်ခုခု စားပါ။ တစ်သျှူးနဲ့ သုတ်ဖို့ အဆင်ပြေရင် သွားကို တစ်သျှူးနဲ့ ရသလောက်သုတ်ပါ။ ဒါမှမဟုတ် ရေသောက်ရင်း ပလုတ်ကျင်း ပေးပါ။ သွားတိုက်လို့ ရရင်တော့ အကောင်းဆုံးပါပဲ။

၅။ ကျန်းမာရေး လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးရင် ဆီးအရောင်က အညိုရောင် ကနေ အနီရောင်အထိ ဖြစ်သွားနိုင် ပါတယ်။ ဒါကို ဘယ်တော့ မှလျစ်လျူမရှု ပါနဲ့။ ကျန်းမာရေး လေ့ကျင့် ခန်း ပြင်းပြင်း ထန်ထန် ပြုလုပ် ခြင်းကြောင့် ပြဲသွား၊ နာသွားတဲ့ ကြွက်သားတွေ ကနေ ယိုစိမ့်ထွက်ကျတဲ့ သွေးတွေကို ဆီးနဲ့အတူ စွန့်ထုတ်တာ ဖြစ်ပါတယ်။ ကြွက်သား ပျက်စီးမှုများ လွန်းရင် ကျောက်ကပ်ကို ပျက်စီးစေနိုင် ပါတယ်။ ကြွက်သား နာသည် ဖြစ်စေ၊ မနာသည် ဖြစ်စေ၊ အားကစား လေ့ကျင့်ခန်းေ တွလုပ်ပြီးလို့ ဆီးအရောင် ညိုတယ်၊ နီတယ်ဆိုရင်၊ အရောင်လျော့ မသွားဘူး ဆိုရင် သင်ဆေးဝါး ကုသမှုခံယူဖို့ လိုအပ်နေပါပြီ။

၆။ အပြေး လေ့ကျင့်ခန်း တွေကြောင့် ခြေသည်းတွေ မည်းပုပ်ပြာနှမ်း သွားနိုင်ပါတယ်။ ပြေးတယ် ဆိုတော့လဲ သွေးကေ အာက်ကိုပဲ စီးဆင်း နေလေတော့ ခြေသည်းအောက်မှာ သွေးအိုင်ပြီး ခြေသည်း အရောင်ကို မည်းပုပ်ပြာ နှမ်းစေတဲ့ အပြင် ပြင်းထန်ဆိုးရွား စွာလဲ နာကျင် စေနိုင်ပါတယ်။ များသော အားဖြင့် မည်းပုပ်သွားတဲ့ ခြေသည်းက တဖြည်းဖြည်းနဲ့ ခြေသည်း ရှည်ထွက်လာတဲ့ အချိန် ပါသွားလေ့ ရှိပါတယ်။ ဒါပေမဲ့ ကိုက်ခဲလာတယ်၊ အနာဖြစ် လာတယ်၊ ဖျားချင်ချင် ဖြစ်ပါတယ်၊ ချမ်းတုန်လာတယ် ဆိုရင် ဆေးဝါး ကုသမှုခံ ယူဖို့ လိုအပ်ပါတယ်။ အပြေး လေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင် ခြေသည်းကို တိတိပပလေး ညှပ်ထားတာ အကောင်းဆုံးပါပဲ။

၇။ ရေအသောက် များရင်လဲ အော့အန်ချင် သလိုမျိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ်က ရေဓာတ်ကို ပေါကြွယ်ဝစွာ လိုအပ်တယ် ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ရေဓာတ်လွန်ကဲ ပြန်ရင်လဲ ဟိုက်ပိုနာ ထရီမီးယား ခံစားရ နိုင်ပါ တယ်။ အသက်အန္တရာယ် ရှိပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ် လွန်ကဲရင် သွေးကြော တွေထဲက ဆိုဒီယမ် ပမာဏကို လျော့စေပါတယ်။ မူးပါမယ်။ ကြွက်တက် ပါမယ်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် မခွဲခြား နိုင်ဖြစ်ပါမယ်။ ဒါကြောင့် ရေကို တစ်သမတ်တည်း မသောက်ဘဲ မိုးလေဝသ၊ ပတ်ဝန်းကျင် အပူချိန်၊ မိမိ လှုပ်ရှားမှု စတာတွေနဲ့ ချိန်ထိုးပြီးမှပဲ လိုအပ် သလောက် သောက်သင့် ပါတယ်။

၈။ ပရိုတိန်းမုန့်ချောင်း တွေကြောင့် ဝမ်းချုပ် နိုင်ပါတယ်။ ယာယဗလမောင် တွေအနေနဲ့ ပုံမှန် အစားအစာ စားသောက်တဲ့ နေရာမှာ ပရိုတိန်း မုန့်ချောင်း တွေ စားတတ်ကြ ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ် တွေ ပြည့်ဝသွားမယ် ဆိုတာ မှန်ပေမယ့် ဆိုးရွားစွာ ဝမ်းချုပ် နိုင်ပါတယ်။ တကယ်တော့ အသီး အနှံ၊ မြေပဲ၊ ထောပတ်၊ နို့ချဉ်၊ ဘယ်ရီသီး စတာတွေကို မျှတစွာ စားသောက်သင့် ပါတယ်။ ပရိုတိန်း မုန့်ချောင်း တစ်မျိုးတည်းကို တကယ် အရေးကြီးတဲ့ ပြိုင်ပွဲကာလ မျိုးတွေမှာသာ စားသောက်သင့် ပါတယ်။

၉။ လက်သန့် ဆပ်ပြာရည်ကို လိုတာထက် ပိုသုံးရင် ရောဂါခုခံတဲ့ စနစ်ကို ထိခိုက်စေ ပါတယ်။ ရေလဲမလို၊ ဆပ်ပြာလဲ မလို၊ လက်ထဲမှာ ညစ်ထည့်ပြီး ပွတ်သပ် ဆေးကြော လိုက်ပြီးရင် အလိုအလျောက် လဲ ပြန်ခြောက် တတ်တဲ့  လက်သန့် ဆပ်ပြာရည်ကို လူသုံးများ ပါတယ်။ ဒါပေမဲ့  အဲဒါကို  လိုအပ်တာထက် အကြိမ်ကြိမ် ပိုပြီးသုံးမိရင် ကျန်းမာရေးကို အထောက်အကူ ပြုတဲ့ ဗက်တီးရီးယား တွေကို ကမောက်ကမ ဖြစ်စေပါတယ်။ ဒီလို ဆပ်ပြာမျိုးကို တစ်ရက် ခြောက်ကြိမ်ထက် ပိုသုံးမိရင် မကောင်းပါဘူး။ ရိုးရိုးဆပ်ပြာကို ရေနဲ့ လက်ဆေးတာက အကောင်းဆုံး ဖြစ်ပါတယ်။

၁ဝ။ စက်ဘီး အကြာကြီး စီးပြီးရင် လက်တွေ ထုံကျဉ်ပါတယ်။ ကျန်းမာရေး အတွက် စက်ဘီးစီးတယ် ဆိုပေမယ့် အကြာကြီး စီးပြီးရင် လက်ချောင်းတွေ ထုံကျဉ် နေပါလိမ့်မယ်။ ဒါဟာ လက်အာရုံကြော တစ်ခုခု ထိခိုက် သွားလို့ ဖြစ်ပါတယ်။ စက်ဘီးစီးတဲ့ အခါ ပုံစံတစ်မျိုး တည်းကို အကြာကြီး ကိုင်ထားရတော့  အာရုံကြော တွေကို  ထိခိုက်စေတာ ဖြစ်ပါတယ်။ ကျန်းမာရေး လုပ်တယ် ဆိုတာ ကောင်းပေမယ့် လဲ ဘေးထွက် ဆိုးကျိုးတွေ ရှိနိုင်သေးတယ် ဆိုတာကို လေ့လာရေးသား တင်ပြလိုက်ရ ပါတယ်။

ရတနာပုံနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger