www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 18, 2016

လပွတ္တာမြို့နယ်အတွင်း မတ်လနှင့် ဧပြီလတို့ကို ကဏန်းမဖမ်းရ ကာလအဖြစ် သတ်မှတ်



လပွတ္တာ ၊ ၁၈-၂-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ် အတွင်း ကဏန်း ဖမ်းဆီးရရှိမှု ကျဆင်း လာခြင်းကြောင့် လာမည့် မတ်လနှင့် ဧပြီလ နှစ်လကို ကဏန်းမဖမ်းရ ကာလအဖြစ် သတ်မှတ်ရန် ကဏန်း လုပ်ငန်းရှင် များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ ညှိနှိုင်း သဘောတူ ခဲ့ကြောင်း သိရသည်။

တစ်နိုင်တစ်ပိုင် ကဏန်းမွေးမြူ ထုတ်လုပ်မှု အများဆုံး တည်ရှိရာ လပွတ္တာ မြို့နယ် ရွေးမြစ် ကမ်းခြေရှိ ဒီရေတော များ၌ ကဏန်း ဖမ်းဆီးမှု မြင့်တက်နေပြီး ပြည်ပနိုင်ငံ များသို့ တင်ပို့မှု ရှိနေသဖြင့် ကဏန်းဖမ်းဆီး ရရှိမှု လျော့ကျ မသွားစေရန် ယခုကဲ့သို့ သတ်မှတ်ခြင်း ဖြစ်ကြောင်း မြို့နယ် ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

ကဏန်းမဖမ်းရ ကာလတွင် ရောင်းဝယ်ခြင်း၊ သိုလှောင်ခြင်း နှင့် သယ်ယူ ပို့ဆောင်ခြင်း မပြုလုပ်ကြရန် လုပ်ငန်းရှင်များ၊ မြို့နယ် တရားဥပဒေ စိုးမိုးရေးနှင့် လေ့လာ စောင့်ကြည့်ရေး အဖွဲ့ဝင်များ၊ မြို့နယ် ငါးလုပ်ငန်း အဖွဲ့ချုပ်၊ ခရိုင်နှင့် မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနတို့မှ တာဝန်ရှိ သူများက သဘောတူ လက်မှတ် ရေးထိုးခဲ့ ကြသည်။

ဖေဖော်ဝါရီ ၄ ရက်က ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ် အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ သဖြင့် ရွေးမြစ် ကမ်းခြေရှိ ငါး၊ပုစွန်နှင့် ကဏန်း ရောင်းဝယ်ရေး ဒိုင် ၁၃ဝ ကျော် မီးလောင် ပျက်စီးခဲ့ရပြီး လပွတ္တာမြို့မှ နေ့စဉ်တင်သွင်း လာသည့် ကဏန်းများ ရန်ကုန်မြို့သို့ မဝင်တော့သည့် အတွက် တခြားမြို့ များရှိ နယ် ကိုယ်စားလှယ် များမှ ပြောင်းလဲမှာယူ နေရကြောင်း ဗဟိုစံပြ ငါးဈေးမှ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ပြည်ပနိုင်ငံ များသို့ ကဏန်း တင်ပို့မှုမှ နှစ်စဉ် အမေရိကန် ဒေါ်လာ သန်း ၃ဝ ကျော် ရရှိနေပြီး ယခုကဲ့သို့ ကဏန်း မဖမ်းရကာလ သတ်မှတ် လိုက်ခြင်းကြောင့် ထုတ်လုပ် တင်ပို့မှု မြင့်တက် လာနိုင်သည်ဟု ကဏန်း လုပ်ငန်းရှင် များက မျှော်လင့်ထား ကြကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger