www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 18, 2016

ချင်းပြည်နယ်၌ ခရီးသွားလာမှု ပိုမိုဖွံ့ဖြိုးလာစေရန် ချင်းပြည်နယ်ရှိ ဟိုတယ်များနှင့် ချိတ်ဆက် ဆောင်ရွက်မည်



ကန်ပက်လက် ၊ ၁၈-၂-၂၀၁၆

ချင်းပြည်နယ်သို့ ပြည်တွင်းပြည်ပ ခရီးသွား လာမှုများ မြင့်တက် လာပြီးနောက် Jovago အနေဖြင့် ချင်းပြည်နယ်ရှိ ဟိုတယ်များနှင့် ချိတ်ဆက်ရန် ဆောင်ရွက်လျက် ရှိနေကာ မကြာမီကမှ တရားဝင် ခရီးစဉ်များ စတင် ခဲ့ပြီးနောက် ကန်ပက်လက်မြို့၊ နတ်မတောင်၊ ချင်းတောင်ပေါ် ရှိ ရှာလ်လုမ်း ခံတပ်၊ ကနေဒီတောင်၊ တီးမီးလွင်ပြင် ဒေသနှင့် ရိဒ်ရေကန် များမှာ အများဆုံး သွားရောက်ရာ နေရာ များ ဖြစ်နေသဖြင့် ချိတ်ဆက် ဆောင်ရွက်မှုများ ရှိနေကြောင်း သိရသည်။

ချင်းပြည်နယ် သည် မြန်မာနိုင်ငံ၏ ပျက်စီးခြင်း မရှိသေးသော သဘာဝ အလှတရား များနှင့် ပြည့်စုံသည့် ဒေသတစ်ခု ဖြစ်ပြီး ချင်းပြည်နယ် (တောင်ပိုင်း)ရှိ နတ်မတောင် အမျိုးသား ဥယျာဉ် သည် အာဆီယံ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ဖြစ်သည်။ ချင်းပြည်နယ်၏ ထင်ရှား ကျော်ကြားသော အသည်းပုံ သဏ္ဌာန်ရှိ ရိဒ်ရေကန်မှာ မသွားမဖြစ် သွားရောက်ရမည့် နေရာ ဖြစ်သည်။

၂ဝ၁၄ ခုနှစ်က ချင်းပြည်နယ်သို့ ခရီးသွား ဧည့်သည် ဝင်ရောက်မှုမှာ ပြည်တွင်း ပြည်ပ ခရီးသွား အနည်းငယ် ရှိခဲ့ရာမှ ၂ဝ၁၅ ခုနှစ်တွင် နိုင်ငံခြား ခရီးသွားဧ ည့်သည် ၁၉၉၇ ဦး ဝင်ရောက် ခဲ့ပြီး ပြည်တွင်း ခရီးသွားဦးရေ ၇၄၃၂ ဦးရှိကြောင်း သိရသည်။

လက်ရှိတွင် ချင်းပြည်နယ် (တောင်ပိုင်း) ကန်ပက်လက် ၌ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ၏ လိုင်စင်ရ ဟိုတယ်သုံးလုံး နှင့် တခြား ဟိုတယ်လုပ်ငန်း ဆောင်ရွက်လျက် ရှိပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး လာမှုကြောင့် ထပ်မံ ဆောက်လုပ်ရန် ဟိုတယ်များလည်း ရှိနေကာ ယခုကဲ့သို့ ခရီးသွားများ စိတ်ဝင်စားမှု မြင့်တက် လာခြင်းကြောင့် Jovago အနေဖြင့် ချင်းပြည်နယ်ရှိ ဟိုတယ်များနှင့် ချိတ်ဆက်နိုင်ရေး အတွက် ဆောင်ရွက် သွားမည် ဖြစ်သည်။

အိန္ဒိယနိုင်ငံ အရှေ့ဖျား မိုရေးလ်မှ မြန်မာနိုင်ငံ တမူး၊ ကလေးဝ၊ မုံရွာ၊ မန္တလေး၊ မိတ္ထီလာ ၊နေပြည်တော်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ကော့ကရိတ်နှင့် မြဝတီမှ တစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ သို့ ဖြတ်သန်း သွားသည့် အာရှ အဝေးပြေး လမ်းမကြီး သည်လည်း ယခုနှစ် အတွင်း ဖွင့်လှစ်ရန် ရှိခြင်းကြောင့် ချင်းပြည်နယ် သို့ ခရီးသွားလာမှု ထပ်မံတိုးတက် လာရန် ရှိကြောင်း သိရှိရသည်။

မိုးအောင်

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger