www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, February 21, 2016

နွေကာလ အဖြစ်အများဆုံး ရောဂါ



နွေကာလ အဖြစ်အများဆုံး ရောဂါ

ဒေါက်တာ လွင်သန့် (ဆေး-၂)

ကမ္ဘာကြီး ပူနွေးလာတယ်။ ဒီနွေမှာ အယ်လ်နီညိုကြောင့် အပူချိန် လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ သောက်သုံးရေ ရှားပါးခြင်း၊ မြစ်ချောင်းတွေ ပုံမှန်ထက် ရေနည်းလာခြင်း၊ အပူလျှပ်ခြင်း၊ အရေပြား အညိုအမည်း စွဲခြင်း၊ ခရမ်းလွန် ရောင်ခြည်နှင့် အရေပြား ဓာတ်မတည့်ခြင်း၊ မျက်စိနာခြင်း၊ ရေတိမ်စွဲခြင်း၊ သက်ကြီးရေတိမ် စသည်ဖြင့် ပြဿနာ တွေ ကြုံရတတ် ပါတယ်။

နွေဘက် အပူပြင်းထန်လွန်း တဲ့အခါ အလိုလို ပင်ပန်း နွမ်းနယ်ခြင်း၊ ခန္ဓာကိုယ်ပျမ်းမျှ အပူချိန်တက်ခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်း၊ အသက်အန္တရာယ် စိုးရိမ်ရခြင်းတို့ ဖြစ်စေပါတယ်။

နေပူထဲက ပြန်ရောက်ရောက်ချင်း ရေချိုးရင် အရေပြား သွေးကြောေ တွ ချက်ချင်း ကျုံ့သွားပြီး ချွေးငုပ်သွား တယ်။ သွေးကြော ကျုံ့ရင် ချွေးမ ထွက် တော့ဘူး။ ရုတ်တရက် အပူကြီးရာ ကနေ အအေးဓာတ်နဲ့ တွေ့လိုက်လို့ ခန္ဓာကိုယ်တွင်း သာမက အရေပြားရှိ သွေးကြောတွေပါ ကျုံ့သွားပြီး ချွေးငုပ် သွား စေတယ်။ ချွေးမရှိရင် ခန္ဓာကိုယ်က ထွက်တဲ့ အပူတွေ မထွက်နိုင်တော့ဘူး။ ခန္ဓာကိုယ် အပူချိန်တက် လာပြီး မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ သတိလစ်ခြင်း၊ အသက်ဆုံးရှုံး ရခြင်းတို့ ဖြစ်စေနိုင်တယ်။

ကမ္ဘာမြေပေါ်ကို ခရမ်းလွန် ရောင်ခြည် တိုက်ရိုက်ကျမှု များလာတယ်။ အဲဒီကတစ်ဆင့် မျက်စိတိမ်စွဲခြင်း၊ အရေပြား အိုမင်းရင့်ရော်ခြင်း၊ ခုခံအားစနစ် ကျဆင်းခြင်း၊ ကြာရင် အရေပြားကင်ဆာ ဖြစ်ခြင်း၊ ပါးရေနားရေ တွန့်ခြင်း၊ မိတ်ဖုထွက်ခြင်း၊ အရေပြားထူပြီး ကြမ်းလာခြင်း၊ တွန့်ခေါက်ပြီး အနာဖြစ်ခြင်း၊ အိုစာသွားခြင်းတို့ ဖြစ်လာတယ်။

အပူဒဏ် ကာကွယ်ဖို့ နေပူထဲ ထွက်ရင်၊ အရိပ်ထဲနေရင် ပေါ့ပေါ့ပါးပါး ခပ်ပွပွ ချည်ထည် အင်္ကျီဝတ်ရမယ်။ အရောင်ဖျော့ဖျော့ အဝတ်ပါးပါး ဝတ်ဖို့၊ နေ့လယ်ဘက် နေသိပ်ပူရင် အပြင်မထွက်ဖို့၊ ပြင်းပြင်းထန်ထန် အားကစား လှုပ်ရှားမှု မလုပ်ဖို့၊ မတတ်သာလို့ နေပူထဲထွက်ရင် ဦးထုပ်၊ ထီး အကာ မပါဘဲ မထွက်ဖို့၊ ထွက်ရင်လည်း မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီအတွင်း မထွက်ဖို့နဲ့ ဓာတ်ဆားရည် သောက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အလုပ်ပြီးလို့ အရိပ်ထဲ ပြန်ရောက်ရောက်ချင်း ရေမချိုးသင့်၊ ရေခဲရေ၊ ပန်ကာမသုံးသင့်၊ ရေဖတ်ဝတ်နဲ့ မတိုက်သင့်၊ ချွေးငုပ်ပြီး အပူတွေအပြင် မထွက်နိုင်ဘဲ ကိုယ်ပူတက်ကာ သတိလစ်၊ သွေးလန့်ခြင်း ဖြစ်၍ ကယောင်ကတမ်း ဖြစ်ပြီးသေဆုံး နိုင်ပါတယ်။

အပူဒဏ် ကာကွယ်ဖို့ ကျန်းမာရေး ပညာပေးရလျှင် နေ့ခင်း အပူချိန်ကို ရှောင်ရမယ်။ အလုပ်ကိစ္စ များကို နံနက် ၁၁ နာရီမတိုင် မီနဲ့ ညနေ ၃ နာရီ နောက်ပိုင်းကို ပြောင်းလဲလုပ်ကိုင် သင့်ပါတယ်။ နေရောင် အပူဒဏ် နဲ့ ခရမ်းလွန် ရောင်ခြည် ကာကွယ်နိုင်တဲ့ နေကာမျက်မှန် တပ်ရမယ်။ အရေပြားကို နေရောင်ခံ ခရင်မ် လိမ်းရမယ်။ နှစ်နာရီကြာတိုင်း တစ်ခါထပ်လိမ်း ပေးရမယ်။ သို့မဟုတ် သနပ်ခါး လိမ်းပြီး သွားရမယ်။

ခန္ဓာကိုယ် အပူချိန် ၁ဝ၄ ဒီဂရီ ဖာရင်ဟိုက် မှ ၁ဝ၆ ဒီဂရီ ဖာရင်ဟိုက် သို့မဟုတ် ၄ဝ မှ ၄၂ ဒီဂရီ စင်တီဂရိတ် ရောက်ရင် အသက် အန္တရာယ်ရှိတယ်။ ဦးနှောက်၊ နှလုံးနဲ့ ကျောက်ကပ်တွေ ပျက်စီးနိုင်တယ်။ လူရဲ့ အရေပြားက သွေးမထွက် နိုင်ဘဲ ခြောက်သွေ့ နီရဲလာတယ်။ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စကားပြောမ မှန်ခြင်း၊ ကယောင် ချောက်ချား ဖြစ်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ သွေးလန့် ခြင်း ဖြစ်ကာ သေဆုံးနိုင်တယ်။ အအေး ခန်းထဲထည့် ပြုစုခြင်း၊ ချိုင်း၊ ပေါင်ခြံနေရာ၊ နဖူး၊ ရေဖတ် တိုက်ခြင်း၊ အေးတဲ့စောင်၊ မျက်နှာသုတ်ပဝါ တို့နဲ့ ရေဖတ်တိုက်ခြင်း တို့ လုပ်ဆောင် နိုင်ပါတယ်။

အပူဒဏ်ကြောင့် ခန္ဓာကိုယ်ရဲ့ရေဓာတ် ၄ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း လျော့ကျသွားတယ်။ လူတို့ အလုပ်လုပ် နိုင်စွမ်း ၂ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းအထိ ကျဆင်းသွား နိုင်တယ်။ ချွေးထွက်လို့ ဆားဓာတ်လျော့ရင် ကြွက်သား အလုပ်လုပ် နိုင်စွမ်း လျော့လာတယ်။ အပူလှိုင်းမိတဲ့ လူနာဟာ ခေါင်း သို့မဟုတ် ဝမ်းဗိုက် နာကျင်တယ်။ ဝမ်းလျှောဝမ်းပျက် တတ်တယ်။ အေးမြတဲ့နေရာ၊ လေအေးစက် တပ်ထားတဲ့ အခန်းမှာနေကာ ရေအေးအေး သောက်ပြီး အဝတ်ပွပွ ဝတ်၍ အနားပေး ရမယ်။ ဒါ့အပြင် အရက်၊ ဘီယာ ကလည်း ခန္ဓာကိုယ်အတွင်း အပူချိန်မြင့်တက် စေတယ်။ ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ပိုမိုညစ်ညမ်း စေတယ်။ အပူကြောင့် အညစ်အကြေးနဲ့ ရေကို ခန္ဓာကိုယ်က လျင်လျင်မြန်မြန် စွန့်ထုတ် ပစ်လို့ ရေဓာတ် လိုအပ်မှုပိုများ လာစေတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger