www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, February 13, 2016

ကာတာလေကြောင်းလိုင်းတွင် လေယာဉ်မယ် အလုပ်လျှောက်ထားသူများ ဒုတိယအဆင့် လူတွေ့စစ်ဆေးခြင်းကို မတ် ၂၇ ရက်တွင် ပြုလုပ်မည်



ရန်ကုန် ၊ ၁၃-၂-၂၀၁၆

ကာတာ လေကြောင်းလိုင်း တွင် လေယာဉ်မယ် အလုပ် လျှောက်ထား သူများအား ဒုတိယအဆင့် လူတွေ့ စစ်ဆေးခြင်းကို မတ် ၂၇ ရက်တွင် ပြုလုပ်မည်ဖြစ်ရာ အဆိုပါ လေကြောင်းလိုင်းမှ ကျွမ်းကျင်သူများ ကိုယ်တိုင် လာရောက် စစ်ဆေးမည် ဖြစ်ကြောင်း ဟိန်းသစ္စာပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှု ကုမ္ပဏီမှ သိရသည်။

ကာတာ လေကြောင်းလိုင်း တွင် လေယာဉ်မယ် အဖြစ် လုပ်ကိုင်နိုင်ရန် ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ခေါ်ယူ ခဲ့ပြီး ယခုနှစ်တွင် ထပ်မံ ခေါ်ယူရန် အဆိုပါ လေကြောင်းလိုင်းမှ ကမ်းလှမ်း လာခြင်း ဖြစ်သည်။

ကာတာ လေကြောင်းလိုင်းမှ လူတွေ့ စစ်ဆေးခြင်း မစမီ ကုမ္ပဏီမှ ပထမအဆင့် လူတွေ့ စစ်ဆေးမည် ဖြစ်ကာ ပထမအဆင့် အောင်မြင်သည့် လျှောက်လွှာရှင် သည် လေကြောင်းလိုင်း၏ လူတွေ့ စစ်ဆေးခြင်း ဒုတိယ အဆင့်ကို ဝင်ရောက် ဖြေဆိုခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

ပြည်ပအခြေစိုက် နိုင်ငံတကာ လေကြောင်းလိုင်း များအနေဖြင့် ယခင်က ပြည်တွင်းပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများနှင့် ချိတ်ဆက်၍ လေယာဉ်မယ် များကို ခေါ်ယူခဲ့ရာ တရားဝင် ခေါ်ယူမှု မရှိခဲ့ဘဲ ကာတာ လေကြောင်းလိုင်း က ယင်းဈေးကွက်ကို စတင်ဝင်ရောက် လာခဲ့ခြင်းဖြစ်ကာ လေယာဉ်မယ် အဖြစ် အတွေ့အကြုံ မရှိသူများလည်း ဝင်ရောက် လျှောက်ထား နိုင်ပြီး အင်္ဂလိပ်စာ ကျွမ်းကျင်မှုနှင့် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိထားသူ ဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။

အရှေ့ အလယ်ပိုင်း ဒေသတွင် လုံခြုံရေးနှင့် လုပ်ငန်းခွင် အာမခံချက် ရရှိနိုင်မှု အားနည်းချက် ကြောင့် မြန်မာလုပ်သား စေလွှတ်မှုကို နှစ်နှစ်ကျော်ကြာ ရပ်နားထားခဲ့ပြီး ၂ဝ၁၅ ခုနှစ် သြဂုတ်လ နောက်ပိုင်းမှ စ၍ လုပ်ငန်းခွင် အာမခံချက် ပေးနိုင်မည့် လုပ်ငန်း အမျိုးအစား ကိုသာ စိစစ်ခွင့်ပြု ပေးခဲ့ခြင်းကြောင့် ကာတာ လေကြောင်းလိုင်း မှ လုပ်သား ခေါ်ယူရန် ကမ်းလှမ်းမှုများ ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger