www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, February 13, 2016

သန့်ရှင်းစွာနေထိုင်ခြင်းဖြင့် အစာအိမ်အူလမ်းကြောင်း ရောဂါကို ကာကွယ်ကြပါစို့



ဒေါက်တာလွင်သန့် (ဆေး-၂)

အစားအသောက် များမှ အာဟာရကောင်းများ ရရှိဖို့ ပိုမို ကောင်းမွန်တဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ အသုံးအဆောင် ပစ္စည်းများ သန့်ရှင်းရေး၊ အစားအသောက် ချက်ပြုတ် ပြင်ဆင်မယ့် ဝန်ထမ်းများနဲ့ အကူများ သန့်ရှင်းရေး၊ မချက်ပြုတ်မီ သိုလှောင်ထားမယ့် နေရာ သန့်ရှင်းရေးနဲ့ ချက်ပြုတ်ပြီးပါက ထားရှိမယ့်နေရာ သန့်ရှင်းဖို့ အထူး လိုအပ်ပါတယ်။

စားသုံးသူတွေကို ကျန်းမာရေး ပညာပေး တဲ့အခါ အစာမစားမီ လက်ကို ရေ၊ ဆပ်ပြာတို့နဲ့ စက္ကန့် ၂ဝ ကျော်ကြာ ဆေးကြော သင့်တယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးက အရေးကြီး ပါတယ်။ ဒါ့အပြင် ထိရောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုမှာ မိမိကိုင်တွယ် အသုံးပြုမယ့် အသုံးအဆောင် ပစ္စည်းတွေကို သန့်ရှင်းအောင် ထားခြင်းကလည်း အရေးကြီး ပါတယ်။ ဥပမာ- အသားလှီးဖြတ် ထားတဲ့ စဉ်းတီတုံး ကို ဒီအတိုင်း မထားဘဲ ဆေးကြော ထားရမယ်။ ဇွန်း၊ ခက်ရင်းနဲ့ ဓားတွေကိုလည်း သန့်ရှင်းအောင် ထားရမယ်။ လက်နဲ့စားမယ် ဆိုရင်လည်း လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂ဝ ကြာ ဆေးကြောပြီးမှ စားသင့်ပါတယ်။

နွေးပြီးပျော့တဲ့ အသီးအရွက်၊ ဆားပေါ့ပြီး လတ်ဆတ်တဲ့ အစားအစာ တွေက ကျန်းမာရေး အတွက် ပိုမိုအကျိုးရှိ စေပါတယ်။ ပူလွန်း၊ အေးလွန်းတဲ့ အစာတွေက ဝမ်းဗိုက်ထဲဝင် ရောက်ပြီး အစာအိမ် အူလမ်းကြောင်း မှာရှိတဲ့ အမြှေးပါးတွေကို နှိုးဆွနိုင်တယ်။ နှိုးဆွတဲ့ အရေအတွက် များလေလေ အစာအိမ် အူလမ်းကြောင်း အတွက် ရောဂါ ဖြစ်ပွားဖို့ လွယ်ကူလေ ဖြစ်ပါတယ်။

အစာရဲ့ အပူချိန်ဟာ ၄ဝ ဒီဂရီ စင်တီဂရိတ် ရှိသင့်တယ်။ ဒါကြောင့် ပူလွန်းတဲ့ အစာကို အေးအောင် စောင့်ပြီးမှ စားသုံးသင့်ပြီး ရေခဲသေတ္တာ ထဲက အစားအသောက် တွေကို ချက်ချင်း မစားသုံးသင့် ပါဘူး။ နူးညံ့ ပျော့ပျောင်းပြီး အစာကြေလွယ်တဲ့ အစားအစာ တွေကို စားသုံးခြင်းဖြင့် အစာအိမ် အူလမ်းကြောင်း ဆိုင်ရာ ရောဂါကို ကာကွယ် နိုင်ပါတယ်။ အစာအိမ် အူလမ်းကြောင်း အတွက် အသင့်လျော်ဆုံး အစာတွေက ကစီဓာတ်များတဲ့ အစာတွေ၊ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း နည်းတဲ့ အစာတွေ၊ ချေထားတဲ့ အာလူး၊ ချေထားတဲ့ ပိန်းဥ၊ ဆန်ပြုတ် စတာတွေ ဖြစ်ပါတယ်။ သစ်သီး၊ ဟင်းသီးဟင်းရွက် နဲ့ပဲမျိုးစုံကို အဓိကထား စားသုံးပြီး အသားကို တွဲဖက်ဟင်းလျာ အဖြစ် စားသုံးခြင်းဟာ အစာအိမ် အူလမ်းကြောင်း ကို ကောင်းမွန် စေပါတယ်။

ဆားလျှော့စား ခြင်းဟာ အစာအိမ် အူလမ်းကြောင်းကို ကောင်းမွန်စေပြီး ပြည့်ဝဆီများ လျှော့စားရ ပါမယ်။ အဆီအအိမ့်နဲ့ အငန် လျှော့စားရမယ်။ အိမ်မှာ ချက်ပြုတ် စားပါကလည်း တတ်နိုင်သမျှ ပေါင်း စား၊  နှပ်စားရမယ်။

လတ်ဆတ်တဲ့ အစားအစာ တွေ၊ ရက်မလွန် အစားအစာ တွေကို စားသုံးသင့်တယ်။ စားမကုန်တဲ့ အခါမှာ သိမ်းဆည်း ထားရာက ရက်လွန်သွားတဲ့ အစားအစာတွေ ကို နှမြောလို့ စားမိပါက အစာအိမ် အူလမ်းကြောင်း ရောဂါတွေ ဖြစ်ပွား စေနိုင်ပါတယ်။

အစားအသောက် အာဟာရ ကောင်းတွေ ရောင်းချတဲ့ ဆိုင်တွေကလည်း မြန်မာနိုင်ငံ အစားအေ သာက် နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန FDA လက်မှတ်တွေ ရထားတဲ့ စားသုံးကုန် တွေနဲ့ ချက်ပြုတ် ရောင်းချ သင့်တယ်။ ရေသန့်ကအစ FDA အသိအမှတ် ပြုပြီးဖြစ်ရ မယ့်အပြင် စားသောက်ပုံစံ လည်း သန့်ရှင်းမှသာ ရောဂါကင်းစင်ပြီး ပျော်ရွှင်သော မိသားစုဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger