www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 12, 2016

၂၀၁၅-၂၀၁၆ အခြေခံပညာ အဋ္ဌမတန်းစာမေးပွဲ မေးခွန်းများ တိုင်းဒေသကြီး ပြည်နယ် ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံး များသို့ စတင်ထုတ်ပေး



ရန်ကုန် ၊ ၁၂-၂-၂၀၁၆

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အခြေခံပညာ သင်နှစ် အဋ္ဌမတန်း စာမေးပွဲ အတွက် မေးခွန်းများကို ယမန်နေ့မှ စတင်ကာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် ပညာရေးမှူးရုံး များသို့ စတင်ထုတ်ပေး နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ပညာရေးမှူးရုံး များသို့ စာမေးပွဲမေးခွန်း ပုံစံ လုံခြုံရေး အစီအမံများနှင့် အတူ ထုတ်ပေးကာ အဋ္ဌမတန်း စာမေးပွဲကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂ဝ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဋ္ဌမတန်း စာမေးပွဲကို မြန်မာ တစ်နိုင်ငံလုံး၌ တစ်ပြိုင်တည်း ကျင်းပမည် ဖြစ်ကာ ဖေဖော်ဝါရီ ၁၅ ရက်တွင် မြန်မာစာ၊ ၁၆ ရက်တွင် အင်္ဂလိပ်စာ၊ ၁၇ ရက်တွင် သင်္ချာ၊ ၁၈ ရက်တွင် ပထဝီဝင်၊ ၁၉ ရက်တွင် သမိုင်းနှင့် ၂ဝ ရက်တွင် အထွေထွေ သိပံ္ပ တို့ကို နံနက် ၉ နာရီမှ ၁၁ နာရီအထိ ကျင်းပသွားမည် ဖြစ်သည်။

ထို့ပြင် စတုတ္ထတန်း စာမေးပွဲ ကိုလည်း ဖေဖော်ဝါရီ ၁၅ ရက်တွင် ကျင်းပမည် ဖြစ်ရာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အခြေခံသိပ္ပံနှင့် လူမှုရေးဘာသာရပ် တို့ကို စစ်ဆေးသွားမည် ဖြစ်ပြီး နံနက် ၉ နာရီ မှ ၁ဝ နာရီခွဲအထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (၂၈ဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger