www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 17, 2016

မြန်မာတစ်နိုင်ငံလုံးရှိ သောက်သုံးရေ ရှားပါးသည့် ဒေသများသို့ အနီးဆုံး ရေရရှိသည့်နေရာမှ ရေများ ပေးပို့ကူညီမည်



ရန်ကုန် ၊ ၁၇-၂-၂၀၁၆

ယခုနှစ် နွေရာသီတွင် အယ်လ်နီညို ရာသီဥတု ကြောင့် ပိုမိုပူပြင်း နိုင်သဖြင့် မြန်မာ တစ်နိုင်ငံလုံး ရှိ သောက် သုံးရေ ရှားပါးသည့် ဒေသများ၊ ရေပြတ်လပ်သည့် ကျေးရွာများသို့ အနီးဆုံး ရေရရှိသည့် နေရာမှ ကား၊ သင်္ဘော၊ ရထား စသည်တို့ဖြင့် ရေများပေးပို့ ကူညီမည် ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ရေရှားပါးမှု ဖြစ်သည့် ဒေသများမှ ရေအကူအညီ တောင်းနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဦးစီးဌာန များနှင့် ရုံးချုပ်တို့မှ ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး တို့၏ အမည်နှင့် ဖုန်းနံပါတ် များကို ထုတ်ပြန်ထားပြီး ပြည်သူများ အနေဖြင့် ရေပြတ်လပ် နိုင်သည့် အလားအလာ ရှိလာပါက ကြိုတင် အကြောင်းကြား သင့်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လာမည့် နွေရာသီ ကာလသည် ယခင်နှစ်များ ကထက် သောက်သုံးရေ ရှားပါးမှု ကြုံတွေ့ နိုင်သည်ဟု ပညာရှင်များက ခန့်မှန်းထား သဖြင့် အပူပိုင်း ဒေသ ဖြစ်သော မန္တလေးတိုင်း ဒေသကြီး အတွင်းမှ သောက်သုံးရေ ပြတ်လပ်သည့် ဒေသများ အတွက် ရေရရှိရေး နည်းလမ်းများကို စတင်ပြင်ဆင် နေပြီဖြစ်ပြီး အရေးပေါ် ရေသယ်ယာဉ် များဖြင့် ဖြန့်ဝေပေးမည် ဖြစ်ကြောင်း သိရသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အနေဖြင့် မြန်မာ တစ်နိုင်ငံလုံးရှိ ကျေးရွာ ၃၆၆၂ ရွာ ရေရရှိရေး အတွက် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ နှစ်တွင် လုပ်ငန်းပေါင်း ၃၉၅၇ ခု ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger