www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 17, 2016

အဝေးဆုံးဂြိုဟ်ဖြစ်သော ပလူတိုဂြိုဟ်၏ ဖွဲ့စည်းပုံသည် မူလထင်ထားသည်ထက် ပိုမိုရှုပ်ထွေးသည်ကို တွေ့ရှိ



ဝါရှင်တန် ၊ ၁၇-၂-၂၀၁၆

နာဆာ သိပ္ပံပညာရှင် များသည် နေအဖွဲ့အစည်း အတွင်း အဝေးဆုံးဂြိုဟ် ဖြစ်သော ပလူတိုဂြိုဟ်၏ အလယ်ဗဟိုရှိ နှလုံးပုံစံ ဖြစ်တည်နေသော အပိုင်းကို မြေပုံညွှန်း ရေးဆွဲခဲ့ကြောင်း နှင့် ၄င်းမြေပုံညွှန်း များအရ ပလူတိုဂြိုဟ်၏ ဖွဲ့စည်းပုံ သည် မူလ ထင်မှတ်ထား သည်ထက် များစွာပို၍ ရှုပ်ထွေး နေသည်ကို တွေ့ရှိရကြောင်း နာဆာမှ ထုတ်ပြန် ကြေညာသည်။

၂ဝ၁၅ ခုနှစ် ဇူလိုင် ၁၄ ရက်က အာကာသ စူးစမ်းလေ့လာမှု သမိုင်း၌ ပထမဆုံး အကြိမ်အဖြစ် နာဆာသည် New Horizon အာကာသယာဉ်ဖြင့် ပလူတိုဂြိုဟ် ကို အနီးဆုံး နေရာထိ ချဉ်းကပ် လေ့လာ နိုင်ခဲ့သည်။ ပလူတိုဂြိုဟ် ၏ အလယ်ဗဟို အပိုင်း၊ ဘယ်ဘက် စွန်းစွန်း၌ နှလုံးပုံ ဖြစ်တည်နေသော Tombaugh Regio အပိုင်းကို တွေ့ရှိခဲ့ပြီး ဆက်လက် လေ့လာမှု အရ ၄င်းအပိုင်းသည် နိုက်ထရိုဂျင် ရေခဲလွင်ပြင် ဖြစ်နေသည်ကို တွေ့ရှိရသည်။

ယခုအခါ ၄င်း ရေခဲလွင်ပြင်ကို မြေပုံညွှန်း အသေးစိတ် ရေးဆွဲလေ့လာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အရောင်များသည် မြေမျက်နှာသွင်ပြင် အမျိုးမျိုးကို ကိုယ်စားပြု ဖော်ပြနေသည်။ အစိမ်းရောင် ဖြင့်ပြသော အပိုင်းများမှာ လွင်တီးခေါင်များ ဖြစ်ပြီး အပြာနုရောင် များမှာ အလင်းအား ကောင်းသော လွင်ပြင်များကို ရည်ညွှန်း သည်။ အမည်းရောင် မျဉ်းကြောင်းများက မြောင်းသဖွယ် ဖြစ်နေသော မျက်နှာပြင်ကို ရည်ညွှန်းပြီး အနီရောင်သည် ကုန်းမြေမြင့် များကို ရည်ညွှန်းကြောင်း သိရသည်။

နာဆာ သိပ္ပံပညာရှင် များသည် New Horizon မှ Lorri တယ်လီစကုပ်ဖြင့် ပလူတိုဂြိုဟ်ကို မိုင်ပေါင်း ၄၈ဝဝဝ အဝေးမှ ရိုက်ကူး ပေးပို့သော အချက်အလက် များကို အသုံးပြုကာ အဆိုပါ မြေပုံညွှန်းကို ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ New Horizon သည် ပလူတိုဂြိုဟ် နှင့် မိုင်ပေါင်း ၇၈ဝဝ ထိ ချဉ်းကပ် နိုင်ခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger