www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 12, 2016

Tech-Radar ကုမ္ပဏီက ဖုန်းဟန်းဆက်များကို စုစည်းကာ အမြန်ဆုံးဟန်းဆက် ကိုရွေးချယ်



နယူးယောက် ၊ ၁၂-၁-၂၀၁၆

ကမ္ဘာပေါ်တွင် စမတ်ဖုန်း အမျိုးမျိုး ထွက်ပေါ်လျက် ရှိပြီး Octa-Core Processor များကို ထည့်သွင်း အသုံးပြု နေကြရာ Dual-Core Processor ကိုသာ အသုံးပြုထားသော iPhone 6S ၏ အမြန်နှုန်း ကလည်း စိတ်ကျေနပ် ဖွယ် ကောင်းသည့် အတွက် အမေရိကန် ပြည်ထောင်စု အခြေစိုက် Tech-Radar ကုမ္ပဏီက ဖုန်းဟန်းဆက် အမျိုးမျိုးကို စုစည်းကာ ၄င်းတို့အနက် မည်သည့်ဖုန်းက အမြန်ဆုံး ဖြစ်သည်ကို ရွေးချယ်ခဲ့ ကြကြောင်း သိရသည်။

ကုမ္ပဏီမှ ပညာရှင်များသည် Samsung Galaxy S6, Sony Xperia Z5, Sony, LG G4, Lumia အစရှိသည့် ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီများထုတ် ဟန်းဆက်များကို မည်သည့် ဟန်းဆက် က အမြန်ဆုံး ဖြစ်သည်ကို လေ့လာဆန်းစစ် ခဲ့ခြင်းဖြစ်သည်။

ရှေးဦးစွာ ဟန်းဆက်များ အားလုံးကို ပါဝါပိတ်ထားပြီး အားလုံးကို ပါဝါ တစ်ပြိုင်နက် ဖွင့်ပြီး အပလီကေးရှင်း များကို စမ်းသုံး ကြည့်ခဲ့ခြင်း ဖြစ်သည်။ အပလီကေးရှင်း ၁ဝ ခုကို ဖွင့်အသုံးပြု၊ ပိတ်ပြုလုပ်ခဲ့ခြင်း ဖြစ်ရာ ဂိမ်း၊ လူမှုကွန်ရက် အီးမေးလ် အစရှိသည့် အပလီကေးရှင်း များ ပါဝင်သည်ဟု ပညာရှင် တစ်ဦးက ပြောပြသည်။

'' Samsung Galaxy S6 ရဲ့ ပရိုဆက်ဆာ အားက အတော်လေး ကောင်းပေမယ့် ဂိမ်းတွေကို Cache လုပ်မထားတာ တွေ့ရပါတယ်။ Sony Xperia Z5 မှာ Octa-Core Chip ကြီး တပ်ထားပေမယ့် Boot  လုပ်တာနှေးတတ် တာကို တွေ့ရပါတယ်။ iPhone 6S ကတော့ ကြားရတာ အားနည်းပေမယ့် သုံးကြည့်ရင်တော့ ပေါ့နေတာကို တွေ့ရပါတယ်''ဟု ၄င်းက ဆက်လက် ပြောပြသည်။

''ဖုန်းကို ပါဝါပိတ်ထားပြီး ဖွင့်တဲ့အခါ Boot Time အမြန်ဆုံးက iPhone 6S ပါ။ ၁၃ ဒသမ ၁၉ စက္ကန့်ပဲ ကြာပါတယ်။ Samsung က ဒုတိယပါ။ ပါဝါတက်ဖို့  ၁၆ ဒသမ ၂၈ စက္ကန့် ကြာပါတယ်။ LG G4 ဆိုရင် ၂၈ ဒသမ ၁၈ စက္ကန့်တောင် ကြာပါတယ်။ Lumia 950 ဆိုရင် ၃၅ ဒသမ ၂၆ စက္ကန့် နဲ့  Xperia Z5 က ၄၂ ဒသမ ဝ၇ စက္ကန့်နဲ့ အနှေးဆုံးအဖြစ် မှတ်တမ်းဝင် သွားပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger