www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 5, 2016

Chevron Company Limited မှ တိုင်းတာရေးရေယာဉ် ရေဝင်ရောက်မှုအား တပ်မတော်(ရေ )မှ စစ်ရေယာဉ်ဖြင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်


Chevron Company Limited မှ တိုင်းတာရေး ရေယာဉ် MV VKIING VISION အား 
တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၅-၁-၂ဝ၁၆

Chevron Company Limited မှ တိုင်းတာရေး ရေယာဉ် MV VKIING VISION သည် ရခိုင်ကမ်းလွန် လုပ်ကွက်အမှတ် A-5 တွင် တိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်ပြီး ကျောက်ဖြူ ဆိပ်ကမ်းသို့ ပြန်လည် ထွက်ခွာလာစဉ် ဇန်နဝါရီ ၃ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့် တွင် ကျောက်ဖြူ ဆိပ်ကမ်းအဝင် North Terrible ကျောက်တန်းနှင့် ထိခိုက်မှု ဖြစ်ပွားခဲ့သည်။

ထိုသို့ ထိခိုက်မှုကြောင့် ရေယာဉ်၏ ဝဲဘက် Frame No. 70-100 အကြား ရေဝင်မှု ဖြစ်ပေါ်နေကြောင်း သတင်း ရရှိသဖြင့် တပ်မတော်(ရေ )မှ စစ်ရေယာဉ် တစ်စင်းက ရေဝင်ရောက်မှု ဖြစ်ပေါ်နေသော တိုင်းတာရေး ရေယာဉ်ရှိရာသို့ သွားရောက်ကာ ရေစုပ်ပန့်များဖြင့် စုပ်ထုတ်၍ ရေဝင်မှုအား ထိန်းချုပ်ပေး နိုင်ခဲ့ကာ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger