www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 25, 2016

ဒီးဒုတ်ရေပြာအိုင် သို့ ပြည်တွင်းပြည်ပ ခရီးသွားများ တစ်လလျှင်ပျမ်းမျှဦးရေ ၅၀၀၀ ခန့်လာရောက်



မန္တလေး ၊ ၂၅-၁-၂၀၁၆

ဒီးဒုတ်ရေပြာအိုင် သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက် လည်ပတ်မှု အနေဖြင့် တစ်လလျှင် ပျှမ်းမျှ ၅ဝဝဝ ဝန်းကျင်ခန့် လာရောက်လေ့ ရှိကြောင်း သိရသည်။ ဒီးဒုတ်ရေပြာအိုင် သို့ ၂၀၁၀ ပြည့်နှစ်မှ စတင်ပြီး ပြည်တွင်း ခရီးသွားများ လည်ပတ်မှု များလာကာ လက်ရှိအချိန်တွင် တစ်လလျှင် ပြည်တွင်း၊ ပြည်ပခရီးသွား ပျမ်းမျှ ၅ဝဝဝ ခန့် လာရောက်လေ့ ရှိကြောင်း ဒေသခံ များက ပြောသည်။

မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင် မြို့နယ် ရွှေပင်ရွာနှင့် မကျည်းအင်း ကျေးရွာကြားရှိ သဘာဝ ဒီးဒုတ်ရေပြာအိုင် နှင့် သဘာဝလိုဏ်ဂူ ကို အဆင့်မြင့် အပန်းဖြေစခန်း အဖြစ် အဆင့်မြင့်တင် နိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရထံသို့ တင်ပြတောင်းခံ သွားမည်ဟု သိရသည်။

''ဒီမှာက တစ်နှစ်ထက် တစ်နှစ် ပြည်တွင်းပြည်ပ ဧည့်သည် ဝင်ရောက်မှုက မြင့်တက်လာတယ်။ ခရီးသွားခရီးစဉ် တစ်ခုလို သတ်မှတ်ပြီးတော့ လာရောက် လည်ပတ်နေတာတွေ ရှိနေတော့ ဒီနေရာလေးကို အဆင့်မြင့် အပန်းဖြေစခန်းအဖြစ် အဆင့် မြှင့်တင်မှု ပြုလုပ်ချင်တာပါ။ အဆင့်မြှင့်တင် ခွင့်ရလိုက်မယ် ဆိုရင် ဒေသခံတွေ အတွက်လဲ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက် လာနိုင်သလို ခရီးသွားတွေ အတွက်လဲ လုံခြုံရေးကအစ အကုန်အဆင်ပြေ လွယ်ကူ လာနိုင်ပါတယ် .. ' ဟု ဦးမြင့်အောင် က ပြောပြသည်။

အဆင့်မြင့် အပန်းဖြေစခန်း ပြုလုပ်ရာတွင် အဓိက အားဖြင့် ဒီးဒုတ်ရေပြာအိုင် သို့ တက်သည့် တောင်တက်လမ်းကို အသစ် ဖောက်လုပ်ခြင်း၊ အဆင့်မြှင့် ဈေးဆိုင်ခန်းများ၊ ကျန်းမာေ ရး စောင့်ရှောက်သည့် အဆောက်အအုံများ၊ လုံခြုံရေး ဆောင်ရွက်ချက်များ၊ ယာဉ်ရပ်နားကွင်းများ ပါရှိမည် ဖြစ်ကြောင်း၊ ယင်းသို့ အဆင့်မြှင့်တင် မှုအတွက် ကျပ်သိန်းပေါင်း ၁ဝဝဝဝ ဝန်းကျင်ခန့် ကုန်ကျမည် ဖြစ်ကာ ပူးပေါင်းပါဝင်ရန် အတွက် ကမ်းလှမ်းချက် များလည်း ရရှိထားပြီး ဖြစ်ကြောင်း ဦးမြင့်အောင် က ပြောသည်။

''လက်ရှိ ဒီမှာက ဧည့်သည်တွေအတွက် လုံခြုံရေး ဆိုရင်လဲ ဒေသခံတွေ ဖွင့်ထားတဲ့ ဆိုင်ခန်းလေး တွေကပဲ ပူးပေါင်းတာဝန်ယူ ထားရတယ်။ အိမ်သာနဲ့ ရေချိုးခန်းတောင် ကောင်းကောင်း မရှိသေးပါဘူး။ အဆင့်မြှင့် တင်ခွင့် ရမယ်ဆိုရင်တော့ ဒေသအတွက်ရော ခရီးသွားလုပ်ငန်း အတွက်ပါ အတိုင်းထက် အလွန်ပေါ့။ နိုင်ငံတော်ကိုလဲ တရားဝင် အခွန်ပေးသွင်း နိုင်ပါတယ်''ဟု အဆင့်မြှင့် တင်ရေး ကော်မတီမှ အတွင်းရေးမှူး ဦးသိန်းအောင် က  ပြော၍ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger