www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 19, 2016

ဗီဇာဝန်ဆောင်မှုနှုန်းထား မူလထက် ကိုးဆနီးပါး တိုးမြှင့်ခြင်းကြောင့် မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်မှု ရပ်ဆိုင်းရန် ကြုံတွေ့လာနိုင်



ရန်ကုန် ၊ ၁၉-၁-၂၀၁၆

မလေးရှားနိုင်ငံသို့ အလုပ်သမားများ သွားရောက် အလုပ်လုပ်ကိုင်ရန် ဗီဇာဝန်ဆောင်ခ နှုန်းထားမှာ မူလထက် ကိုးဆနီးပါး တိုးမြှင့်ခြင်းကြောင့် မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်မှု ရပ်ဆိုင်းရန် ကြုံတွေ့လာ နိုင်ကြောင်း ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဦးမင်းလှိုင် က ပြောသည်။

ဗီဇာဝန်ဆောင်ခနှင့် System ကြေး ကောက်ခံရာတွင် ယခင်က အမေရိကန် ဒေါ်လာ ၆ ဒေါ်လာ ကောက် ခံခြင်း ဖြစ်ပြီး ယမန်နေ့မှစတင်၍ အမေရိကန်ဒေါ်လာ ၅၇ ဒေါ်လာကောက်ခံမည် ဖြစ်သဖြင့် ညှိနှိုင်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဗီဇာဝန်ဆောင်ခ နှုန်းထားညှိနှိုင်း၍ အဆင်မပြေပါက အလုပ်သမားများကို မလေးရှားနိုင်ငံသို့ စေလွှတ်မှု မပြုတော့ဘဲ ဥရောပနိုင်ငံ များသို့ စေလွှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

''ဇန်နဝါရီ ၁ဝ ရက်က အဖြေပေါ်မူတည်ပြီး ဆုံးဖြတ်ရပါမယ်။ မလေးရှားကို အလုပ် သမားမပို့ဘဲ ကျွန်တော်တို့ တခြားနိုင်ငံသစ် တွေဆီကို ပို့ဆောင်သွားမယ်လို့ စီစဉ်ထားပါတယ်။ ဗီယက်နမ်၊ ပေါ်တူဂီ၊ ရိုမေနီးယား နိုင်ငံနှင့် ဥရောပနိုင်ငံတွေက ကမ်းလှမ်းထား မှုတွေ ရှိပါတယ်'' ဟု ၄င်းက ဆက်လက်ပြောသည်။

ဗီဇာဝန်ဆောင်ခနှုန်း တိုးမြှင့် ကောက်ခံခြင်းနှင့် ပတ်သက်၍ ဇန်နဝါရီ ၁ဝ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ်ရှိ မြနန္ဒာ သင်တန်းကျောင်း၌ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းနှင့် One Stop Service Center တို့ ဆွေးနွေးညှိနှိုင်း မှုများ ပြုလုပ်ခဲ့သည်။

''အမေရိကန် ဒေါ်လာ ၁၂ ဒေါ်လာ ကျော်သွားရင် လုံးဝမပေးဘူး။ ဗီဇာမဝင်ရင် မလေးရှားက အလုပ်သမား လိုတယ်။ ကျွန်တော်တို့တောင့်ခံ ထားကြမလား၊ အလုပ်သမားတွေ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမယ်။ အခုဟာက အရမ်းများနေပါပြီ'' ဟု ရွှေပြည်ဟိန်း ပြည်ပ အလုပ်အကိုင် ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယမန်နေ့တွင် မလေးရှားသံရုံးမှ မြန်မာ အလုပ်သမားများ ဗီဇာကြေးသွင်းငွေ အဖြစ် ယခင်က အမေရိကန် ဒေါ်လာ ၆ ဒေါ်လာ သတ်မှတ်ထားရာမှ System fee အဖြစ် အမေရိကန် ဒေါ်လာ ၂၆ ဒေါ်လာနှင့် Service fee အဖြစ် အမေရိကန် ဒေါ်လာ၂၅ ဒေါ်လာ ထပ်မံတိုးမြှင့် ကောက်ခြံ ခင်း ဖြစ်သည်။ မလေးရှားနိုင်ငံသို့ တစ်လလျှင် မြန်မာ လုပ်သားဦးရေ သုံးထောင်ခန့်သည် သွားရောက် လုပ်ကိုင်လျက်ရှိပြီး ပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ ကုမ္ပဏီပေါင်း ၇၈ ခုက ပို့ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၁၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger