www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 14, 2016

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jaroslav Dolecek အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၁၄-၁-၂၀၁၆

တည်ငြိမ်အေးချမ်း စေချင်သည့်စိတ်၊ တိုးတက်ချင်သည့် စိတ်နှင့် စည်းကမ်းတကျနှင့် နေချင်သည့် စိတ်များ ရှိနေမည် ဆိုလျှင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးစနိုင်ငံ ဖြစ်၍ ပို၍ အရေးကြီးကြောင်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်းမှု ရှိအောင် ကြိုးစားရမည်ဖြစ်ပြီး ငြိမ်းချမ်းရေး ရပြီ ဆိုပါက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် ဆက်လက်ကြိုးစား ရမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း ဖွံ့ဖြိုးတိုးတက်သော မိတ်ဆွေနိုင်ငံ များနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jaroslav Dolecek ကို လက်ခံတွေ့ဆုံ ရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ  ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး တို့ တက်ရောက်ကြပြီး ချက်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အတူ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး  ဖော်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံမှု တိုးမြှင့်ရေးနှင့် စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေး သင်တန်းများ စေလွှတ် တက်ရောက်နိုင်ရေး၊ ယခင်က ပူးပေါင်း ဆောင်ရွက်ခဲ့သည့် လယ်ထွန်စက်နှင့် တာယာ ထုတ်လုပ်ရေး လုပ်ငန်းများကို အခြေခံပြီး စိုက်ပျိုးရေးနှင့် စက်မှု လုပ်ငန်းများတွင် နည်းပညာများနှင့် အတွေ့အကြုံများ ဖလှယ်၍ တိုးမြှင့် ဆောင်ရွက်ရေး ဆိုင်ရာများအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ ကြသည်။

မြန်မာနိုင်ငံသည် ယခင်က ချက်ကိုစလိုဗက်ကီးယား နိုင်ငံနှင့် နှစ်ပေါင်း ၆၀ ကျော် သံတမန် ဆက်ဆံရေး ရှိခဲ့ပြီး ယခု ချက်သမ္မတ နိုင်ငံနှင့် ၁၉၉၃ ခုနှစ်မှစ၍ သံတမန် ဆက်ဆံရေး ဆောင်ရွက် ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံ အခြေစိုက် ချက်သမ္မတနိုင်ငံ သံရုံးကို စတင်ဖွင့်လှစ်ခဲ့ပြီး Mr. Jaroslav Dolecek သည် ၂၀၁၅ ခုနှစ်၊ မေ ၂၆ ရက်တွင် မြန်မာနိုင်ငံ၌ စတင်တာဝန် ထမ်းဆောင်သည့် ပထမဆုံး သံအမတ်ကြီး ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger