www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 14, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ



နေပြည်တော် ၊ ၁၄-၁-၂၀၁၆

မိမိနိုင်ငံ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွင် လွန်စွာ အရေးကြီးသည့် သမိုင်းသစ်ခြေလှမ်း တစ်ခုဖြစ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို  စတင်နေပြီ ဖြစ်ကြောင်း၊ နှစ်ပေါင်း ၆၀ ကျော် တိုင်းပြည်မတည် မငြိမ်ဖြစ်ခဲ့ရာမှ ယခု အခြေအနေ ရောက်အောင် ကြိုးစားအားထုတ် ခဲ့ရခြင်းဖြစ်၍ မိမိတို့များစွာ မျှော်လင့်ထားကြောင်း၊ ယင်းမှာ ပထမခြေလှမ်း ဖြစ်ပြီး ဆက်လက် လုပ်ဆောင်ရန် များစွာရှိကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ဥရောပသမဂ္ဂ အဖွဲ့ရုံးမှ သံအမတ်ကြီး H.E. Mr. Roland Kobia ကို လက်ခံတွေ့ဆုံ ရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ  ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး တို့ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယခု ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆောင်ရွက်ခြင်းသည် မိမိတို့၏ ပြည်တွင်းရေး ကိစ္စဖြစ်၍ အောင်မြင်မှု ရအောင် မိမိတို့အချင်းချင်း ညှိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ဆောင်ရာတွင် တိုင်းရင်းသား လက်နက်ကိုင်များ အတွက် ရှင်သန်ရပ်တည်မှု၊ ဘ၀အာမခံချက် ကိုပါ ထည့်သွင်းစဉ်းစား ရမည်ဖြစ်ကြောင်း၊ သာမန် အရပ်သားအနေဖြင့် နေထိုင်လိုသူများ အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် လည်းကောင်း၊ တပ်တာဝန် ထမ်းဆောင်လိုသူများ အတွက် အတတ်နိုင်ဆုံး စည်းမျဉ်းစည်းကမ်း နှင့်အညီ တာဝန် ထမ်းဆောင်ခွင့် ရရန် တပ်မတော်အနေဖြင့် လည်းကောင်း ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များနှင့် ပတ်သက်၍လည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တွင် တိုင်းရင်းသား အားလုံး ညီတူညီမျှ ပေးအပ်ထားပြီး ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အတွက်လည်း အလားတူ ပေးအပ်ထားကြောင်း၊ မိမိ အကာအကွယ် အတွက်၊  အာဏာအတွက် လက်နက်စွဲကိုင် ခြင်းကို ခွင့်မပြုနိုင်ကြောင်း၊ နိုင်ငံတော်တွင် တပ်မတော် တစ်ခုသာ ရှိရမည် ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ ဒီမိုကရေစီကျင့်စဉ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များအရ လက်ရှိအခြေအနေ ယိမ်းယိုင် မသွားစေရန်  တပ်မတော်အနေဖြင့် ထိန်းသိမ်းပေး နေခြင်း ဖြစ်သည်ကို နားလည်ပေး စေလိုကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။

ဧည့်သည်တော် သံအမတ်ကြီးက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်သည်  ညင်သာသော၊ တိုးတက်မှု ရှိသော အပြုသဘော ဆောင်သည့် ပြုပြင် ပြောင်းလဲမှုအဖြစ် နိုင်ငံတကာတွင် ဥပမာပြုနိုင်မည် ဖြစ်ကြောင်း၊ EU-မြန်မာ ဆက်ဆံရေးကိုလည်း ပိုမိုတိုးမြှင့် လုပ်ဆောင် နေပါကြောင်း၊ ဥရောပနိုင်ငံ တပ်မတော်များနှင့် မြန်မာ့တပ်မတော် အကြား ဆက်ဆံရေးမြှင့်တင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်းဖြင့် ပြန်လည် ပြောကြား၍ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် အီးယူ၏ ပါဝင်လုပ်ဆောင် နေမှုများ၊  EU-မြန်မာ တပ်မတော်ဆိုင်ရာ ဆက်ဆံရေး အခြေအနေများ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အခြေအနေများ၊ ဘာသာရေးကို အခြေခံသည့် နိုင်ငံတကာ ပြဿနာ များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger