www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 17, 2015

လာဘ်ကောင်းသည် ဟု ယူဆမှုများကြောင့် Marimo Moss အစိမ်းရောင်ရေညှိလုံး ၀ယ်ယူမှုများပြား




ရန်ကုန် ၊ ၁၇-၁၂-၂၀၁၅

ဂျပန်နိုင်ငံမှ ဝင်ရောက်လာသော သက်တမ်းအားဖြင့် နှစ် ၂ဝဝ ခန့် ရှင်သန်နိုင်သည့် Marimo Moss Ball အစိမ်းရောင် ရေညှိလုံး များကို လာဘ်ကောင်း၍ ကံကောင်းမှုများ သယ်ဆောင် လာသည့် အပင်ဟု ယူဆမှု များကြောင့် ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင် တချို့မှ ဝယ်ယူမှု များပြားလာကြောင်း သိရသည်။

''ဒီ Moss လုံးလေးတွေက တစ်နှစ်ကို သုည ဒသမ ၅ စင်တီမီတာ ကြီးပါတယ်။ သက်တမ်းအလိုက် ဈေးနှုန်း တွေကလည်း မြင့်မား လာပါတယ်။ ဒီ Marimo Moss Ball လေးတွေက အသက်ရှိ တာကြောင့် တစ်လတစ်ခါ ပုံမှန်ရေလောင်း ပေးရင် ရှင်သန်ပြီး လာဘ်လာဘ လည်း ကောင်းတယ်လို့ ဂျပန်တွေက ယူဆကြတယ်။ မြန်မာနိုင်ငံကို ဒီနှစ်ပိုင်းက စပြီး ဝင်ရောက် လာတယ်။ အလှဆင် သိမ်းထားချင်တဲ့ သူတွေကလည်း ဝယ်ယူသလို လာဘ်ခေါ်ချင်တဲ့ သူတွေကလည်း ဝယ်ယူမှုတွေ ရှိနေပါတယ်'' ဟု Morimo Moss Ball များ ရောင်းချသည့် Jadim Lee က ပြောသည်။

အဆိုပါ အစိမ်းရောင် ရေညှိလုံး များကို အခန်းတွင်း၌ ထားရှိပါက နေရောင်ပြစရာ မလိုဘဲ ပုံမှန်အခန်း အပူချိန်နှင့် အလင်းရောင် အနည်းငယ် ရှိရုံမျှဖြင့် ရှင်သန် နိုင်ကြောင်း သိရသည်။

ထို့ပြင် ယင်းအစိမ်းရောင် ရေညှိလုံးများကို ဖန်ဖြင့် ပြုလုပ်ထားသည့် ကန်များ၌ အလှဆင် ကျောက်များခံ၍ စိုက်ပျိုးလျက် ရှိသည်။ Morimo Moss ၁ စင်တီမီတာ တစ်လုံးလျှင် ကျပ် ၆၅ဝဝ မှစပြီး ၄၅ နှစ် သက်တမ်းရှိသည့် ရေညှိအလုံးကြီး တစ်လုံးလျှင် ကျပ် ၆၅ဝဝဝ အထိ ရှိကြောင်း သိရသည်။

ထိုအစိမ်းရောင် ရေညှိလုံးများကို ဂျပန်နိုင်ငံမှ ၁၈၉၈ ခုနှစ်တွင် စတင် တွေ့ရှိပြီး ယင်းနိုင်ငံမှ လူမျိုးအများစုမှာ လာဘ်လာဘ ကောင်းသည်ဟု ယူဆကာ နှစ်စဉ်မွေးမြူ စိုက်ပျိုးလာ ကြသည်မှာ ကြာမြင့်ပြီ ဖြစ်ကြောင်း သို့သော် ယခုနှစ် အတွင်းမှသာ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက် လာပြီး စီးပွားရေး လုပ်ငန်းရှင်များနှင့် အိမ်တွင်းအလှဆင် လိုသူများက ဝယ်ယူမှု များပြားကြောင်း သိရသည်။

သီရိ

မြဝတီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger