www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 17, 2015

နည်းပညာတက္ကသိုလ်များတွင် ကျောင်းခေါ် ချိန်များကို တစ်ဘာသာချင်းအလိုက် ပြောင်းလဲ ခေါ်ယူသွားမည်


ရန်ကုန် ၊ ၁၇-၁၂-၂ဝ၁၅

ရန်ကုန်၊ မန္တလေး နည်းပညာတက္ကသိုလ် များအပါအဝင် မြန်မာနိုင်ငံရှိ နည်းပညာ တက္ကသိုလ်များတွင် ကျောင်းခေါ်ချိန် များကို ယခင်က ဘာသာစုံ ခေါ်ယူခဲ့ရာမှ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်မှ စတင်၍ တစ်ဘာသာချင်း အလိုက် ပြောင်းလဲ ခေါ်ယူသွားမည် ဖြစ်ကြောင်း နည်းပညာ တက္ကသိုလ် များမှ သတင်းရရှိသည်။

ယခင်က နည်းပညာ တက္ကသိုလ်များတွင် ကျောင်းခေါ်ချိန် များကို ပညာသင်နှစ် တစ်နှစ်အတွက် ဘာသာစုံ ပျမ်းမျှခေါ်ယူ၍ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီပါက အတန်းတင် စာမေးပွဲ ဖြေဆိုခွင့် ရရှိမည်ဖြစ်ပြီး ယခု ပညာသင်နှစ်မှ စတင်ကာ ဘာသာ တစ်ခုချင်းစီ အလိုက် ကျောင်းခေါ်ချိန် ခေါ်ယူမည် ဖြစ်ကာ ဘာသာ တစ်ခုတွင် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း မပြည့်မီ ပါက စာမေးပွဲေ ဖြဆိုခွင့် ရရှိမည် မဟုတ်ကြောင်း သိရသည်။

''ကျောင်းသားနဲ့ဆရာ ထိတွေ့မှု အနည်းဆုံး ရှိရမယ့် Credit Hour ပြည့်မီမှ အရည်အသွေး ပြည့်မီတဲ့ ပညာရပ် ဖြစ်မှာမို့ ဒီနှစ်က စပြီးတော့ တစ်ဘာသာချင်း အလိုက် ကျောင်းခေါ်ချိန် တွေကို ယူသွားပါမယ်။ မေဂျာရော၊ မိုင်နာရော ယူပါမယ်။ ကျောင်းခေါ်ချိန် မပြည့်တဲ့ ကျောင်းသားတွေကို သတိပေး ပါမယ်''ဟု နည်းပညာ တက္ကသိုလ် တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အဆင့်မြှင့်တင် ထားသည့် ရန်ကုန် နှင့် မန္တလေးနည်းပညာ တက္ကသိုလ်အပါအဝင် နည်းပညာ တက္ကသိုလ် ၃ဝ ကျော်ရှိပြီး ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် ကို ဒီဇင်ဘာ ၂ ရက်မှ စတင် ဖွင့်လှစ်ခဲ့ကာ ဒီဇင်ဘာ ၇ ရက်မှစ၍ ကျောင်းခေါ်ချိန်များ စတင်ခေါ်ယူ နေပြီဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်များမှ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger