www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 8, 2015

သွေးနမူနာစစ်ဆေးကာ ကျန်းမာရေး အခြေအနေကို စောင့်ကြည့်ပေးမည့်စနစ် ပါဝင်သော စမတ်နာရီများထုတ်ရန် Google ပြင်ဆင်


News: Blood Drawing Device : Blood sampling could be coming to Google's future smartwatches

Google ကုမ္ပဏီသည် သွေးနမူနာများ စစ်ဆေးပေးပြီး ကျန်းမာရေး အခြေအနေကို စောင့်ကြည့်ပေးမည့် စနစ် ပါဝင်သော စမတ်နာရီများ ထုတ်လုပ်ရန် ပြင်ဆင်လျက် ရှိကြောင်း Androidwearfuture သတင်းဌာန မှ သိရသည်။

လက်ရှိတွင် နှလုံးခုန်နှုန်းအား စောင့်ကြည့် မှတ်တမ်းတင်ကာ ကျန်းမာရေး အခြေအနေ များကို အကြံပြုခြင်း၊ သတိပေးခြင်းများ ပြုလုပ်နိုင်သည့် စနစ်ကို စမတ်နာရီ များတွင် ထည့်သွင်း အသုံးပြုနေပြီ ဖြစ်သည်။

Google သည် ခန္ဓာကိုယ်၏ ကျန်းမာရေး အခြေအနေကို ပိုမို အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်သည့် အနေဖြင့် သွေးနမူနာ များအား စောင့်ကြည့်တိုင်းတာ ပေးမည့်စနစ် ထည့်သွင်းရေး အတွက် ပြင်ဆင်ခြင်း ဖြစ်သည်။

အဆိုပါစနစ်တွင် မျက်စိဖြင့် မမြင်နိုင်သော အမှုန်များနှင့် အသံလှိုင်းများကို အရေပြား အတွင်းသို့ ပို့လွှတ်ကာ သွေးနမူနာ ရယူမည်ဖြစ်ပြီး တုံ့ပြန်လာသည့် အခြေအနေ များပေါ် မူတည်၍ ကျန်းမာရေး အခြေအနေ ကို အကဲဖြတ် မှတ်တမ်းတင် သွားမည် ဖြစ်သည်။

သွေးလည်ပတ်မှု စနစ်မှာ ကျန်းမာရေးကို အကဲဖြတ်နိုင်သည့် ခန္ဓာကိုယ်၏ လုပ်ဆောင်ချက် တစ်ခု ဖြစ်ခြင်းကြောင့် Google သည် သွေးနမူနာကို လေ့လာကာ ကျန်းမာရေးကို အထောက်အကူ ပြုစေသည့် စနစ် တီထွင်ရန် စီစဉ်ခြင်း ဖြစ်သည်။

အဆိုပါစနစ်ကို လက်ရှိတွင် စတင်ဖန်တီး နေပြီဟု Google နည်းပညာဌာနခွဲ နှင့်နီးစပ် သူများက အတည်ပြု ထားသည်။ သို့သော် Google သည် အဆိုပါ စနစ် ထည့်သွင်းထားသော စမတ်နာရီများကို လာမည့်နှစ် အတွင်း စတင် ဈေးကွက်တင်ရန် ရည်မှန်းထား သော်လည်း ရည်ရွယ်သကဲ့သို့ ဖြစ်လာရန် မလွယ်ကူကြောင်း ခန့်မှန်းထားသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger