www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 1, 2015

သုတေသီများက ကမ္ဘာ့ပထမဆုံး ဆိုဒီယမ်ဘက်ထရီကို ထုတ်လုပ်


Researchers create sodium battery in industry standard "18650" format

ပဲရစ် ၊ ၁-၁၂-၂၀၁၅

ပြင်သစ်နိုင်ငံ သုတေသီများသည် လစ်သီယံ ဘက်ထရီများ နေရာတွင် အစားထိုး အသုံးပြုနိုင်မည့် ဆိုဒီယမ် ဘက်ထရီ (ပုံ)များကို အောင်မြင်စွာ ထုတ်လုပ် လိုက်နိုင်ပြီး လက်တော့ပ် ဘက်ထရီများ၊ LED မီးချောင်းများနှင့် အခြားသော ဘက်ထရီ အသုံးပြု ကိရိယာများတွင် အသုံးပြု သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

''ဒီနေ့ ကျွန်တော်တို့ မိတ်ဆက်သွားတဲ့ လစ်သီယမ် အိုင်းရွန်း ဘက်ထရီ ဟာ လစ်သီယမ် အိုင်းရွန်း နည်းပညာ ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ လစ်သီယမ် အိုင်းရွန်း ဘက်ထရီ တွေမှာလိုပဲ ဆိုဒီယမ် အိုင်းရွန်း ဘက်ထရီမှာလဲ လုပ်ငန်း ဆောင်ရွက်ပုံ တူပါတယ်။ တစ်ခုပဲရှိပါတယ်။ လစ်သီယမ် က ဈေးကြီးပါတယ်။ ဆိုဒီယမ်က ဈေးသက်သာ ပါတယ်'' ဟု သုတေသီ ဂျင်းမရီး က ပြောပြသည်။

''လစ်သီယမ် က ရှားပါတယ်။ ဆိုဒီယမ် ကျတော့ ကမ္ဘာ့ မြေမျက်နှာသွင်ပြင် အပေါ်ယံအလွှာ လောက်မှာကို အများအပြား မြင်တွေ့ရတတ် ပါတယ်။ တကယ်တော့ ကမ္ဘာ့ မြေမျက်နှာ သွင်ပြင်ရဲ့ ၂ ဒသမ ၆ ရာခိုင်နှုန်းဟာ ဆိုဒီယမ် ချည်း ဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။ ဆိုဒီယမ် အိုင်းရွန်း ဘက်ထရီ ကို အများအပြား ထုတ်လုပ်ကာ ဥရောပ ဈေးကွက်တွင် စတင်တင် ပို့ရောင်းချသွားရန် သက်ဆိုင်ရာ ကုမ္ပဏီက ကြိုးပမ်း ဆောင်ရွက် လျက် ရှိပြီး လစ်သီယမ် နှင့် ဆိုဒီယမ် ဘက်ထရီ နှစ်လုံးကို ယှဉ်ကြည့်ပြီး လေ့လာလျက် ရှိသည်။ တဖြည်းဖြည်း နှင့် ဆိုဒီယမ် အိုင်းရွန်း ဘက်ထရီကို လစ်သီယမ် အိုင်းရွန်း ဘက်ထရီ ထက် စွမ်းဆောင်ရည် ပိုမို ကောင်းမွန်အောင် ဂရုတစိုက် စီစဉ်ဆောင်ရွက် သွားမည် ဖြစ်သည်။

လစ်သီယမ် ဘက်ထရီ အမျိုးမျိုးရှိပြီး တစ်ကီလိုဝပ် လျှင် လစ်သီယမ် သုည ဒသမ ၁၅ မှ သုည ဒသမ ၃ ကီလိုဂရမ် ထိ လိုအပ်လေ့ ရှိသည်။ လူသုံးအများဆုံး လစ်သီယမ်မှာ Anode တွင် Metallic Lithium အသုံးပြု ထားပြီး Cathode တွင် Manganese Dioxide ကိုအသုံးပြု ထားခြင်းဖြစ်သည်။

Metallic Lithium နှင့် Manganese တို့ ဓာတ်ပြုခြင်း အားဖြင့် လစ်သီယမ် ပျော်ဝင်နေသော ဆိုဒီယမ်ဓာတ်ကို ရရှိခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုနောက်ဆုံး တွေ့ရှိထားသော ဆိုဒီယမ် အိုင်းရွန်း နည်းပညာသုံး ဘက်ထရီဖြင့် တန်ဖိုးကြီးသော လစ်သီယံ များနေရာတွင် အစားထိုး သွားနိုင်မည်ဟု သိပ္ပံပညာရှင် များက မျှော်လင့်လျက် ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger