www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 17, 2015

ကမ္ဘာ့ပထမဆုံး ဖန်ပြွန်သန္ဓေတည် စနစ်ဖြင့် ခွေးများကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့



နယူးယောက် ၊ ၁၇-၁၂-၂၀၁၅

အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ်၊ ကော်နယ် တိရစ္ဆာန် ဆေးတက္ကသိုလ်မှ သုတေသီ များသည် ဖန်ပြွန်စနစ်ဖြင့် သန္ဓေတည် အောင်မြင်ခဲ့သော ခွေးလေး ခုနစ်ကောင် ကို အောင်မြင် စွာ မွေးဖွား ပေးနိုင်ခဲ့ပြီး ကမ္ဘာ့ပထမဆုံး ဖန်ပြွန် သန္ဓေတည်စနစ် ဖြင့် တိရစ္ဆာန် တို့ကို မွေး ဖွားပေး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခွေးပေါက်လေး များသည် Beagle, Labrador နှင့် Cocker Spaniel တို့ကို မျိုးစပ်ထားခြင်း ဖြစ်ပြီး ယခုနှစ် ဇူလိုင် ၁ဝ ရက်က မွေးဖွားခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းတို့၏ အသက် ရှင်သန်ခြင်းကို ကံသေ၊ ကံမ ပြောမရ သေးသဖြင့် ကမ္ဘာသို့ မကြေညာဘဲ စောင့်ကြည့် နေခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု ခွေးလေး အားလုံးမှာ အသက် ငါးလခန့် ရှိပြီဖြစ်ကာ ကျန်းမာရေးလည်း ကောင်းမွန် နေသဖြင့် ယခုကဲ့သို့ အသိပေး ကြေညာ ရခြင်းဖြစ်ကြောင်း အလက်ဇန်းဒါး က ဆက်လက် ပြောပြ၍ သိရသည်။

အဆိုပါ ခွေးကလေး များသည် ပုံစံချင်း တစ်ထပ်တည်း တူနေသည့် အတွက် သုတေသီများက ခွေး လက်သည်းများကို သီးခြား အရောင်များ ဆိုးခြယ်ပေးပြီး သုတေသီ တစ်ဦးလျှင် နှစ်ကောင်ကျစီ မွေးထားကြောင်း၊ ခွေးများကို ၄င်းတို့၏ လက်သည်း အရောင်ဖြင့် Red ၊ Green အစရှိသည်ဖြင့် မှည့်ခေါ် ထားကြောင်း သိရသည်။

''လူသားတွေမှာ ဖန်ပြွန် သန္ဓေသားကို ၁၉၇၈ ခုနှစ်ကတည်းက စတင်မွေးဖွား ပေးနိုင်ခဲ့ပါတယ်။ အခုလဲ ခေတ်စားနေတဲ့ ဆေးပညာ အလေ့အထ တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ တိရစ္ဆာန်တွေမှာ ဖန်ပြွန် သန္ဓေသားနဲ့ မွေးဖွားနိုင် တာ ရှိ၊ မရှိ စမ်းသပ် အောင်မြင်တာ ဒါ ပထမဆုံးအကြိမ်ပါ " ဟု စမ်းသပ်မှုကို ဦးဆောင်သူ ဒေါက်တာ အလက်ဇန်းဒါး ထရယ်ဗစ် က ပြောပြသည်။

''ခွေးရဲ့ဇီဝကမ္မ ဖြစ်စဉ်က အလွန်ကွာခြား ပါတယ်။ တစ်နှစ်ကို နှစ်ကြိမ်ပဲ မျိုးဥကြွေပြီး ကိုယ်ဝန်တစ်ခါ ဆောင်ရင်လဲ နှစ်လပဲ ကြာပါတယ်။ သူတို့ရဲ့ မျိုးအောင် တဲ့ မမျိုးဥကို ရအောင်ပဲ အတော် ကြိုးပမ်းခဲ့ ရပါတယ်။ ဒီစမ်းသပ် အောင်မြင်မှုအရ ကမ္ဘာပေါ်က မျိုးသုဉ်းမယ့် အန္တရာယ်နဲ့ ကြုံတွေ့ နေရတဲ့ တိရစ္ဆာန်တွေကို မျိုးမသုန်းအောင် အကောင်ရေ အသစ်တွေ ပေါက် ဖွား စေနိုင် လိမ့်မယ်လို့ မျှော်လင့် ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger