www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 14, 2015

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အထူးကဆရာဝန်များ အပါအ၀င် လိုအပ်နေသည့် ကျန်းမာရေးဝန်ထမ်းများကို တိုးချဲ့ခန့်အပ် သွားမည်



ရန်ကုန် ၊ ၁၄-၁၂-၂၀၁၅

ရန်ကုန် ပြည်သူ့ဆေးရုံကြီး ကို အဆောက်အအုံ ပိုင်းနှင့် ဆေးကုသမှု အပိုင်းများ တိုးမြှင့် ဆောင်ရွက်နေပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ ခုတင်-၂ဝဝဝ ဆံ့ဆေးရုံကြီး အဖြစ် သတ်မှတ် ခဲ့သဖြင့် အထူးကု ဆရာဝန်များ အပါအဝင် လိုအပ်နေသည့် ကျန်းမာရေး ဝန်ထမ်းများကို တိုးချဲ့ခန့်အပ် သွားမည်ဖြစ်ကြောင်း ကုသရေး ဦးစီးဌာနမှ သိရသည်။

ရန်ကုန် ပြည်သူ့ဆေးရုံကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပြည်သူ့ ဆေးရုံကြီးများ၌ လူနာအင်အားမှာ နှစ်စဉ် မြင့်တက် လာမှုကြောင့် ကျန်းမာရေး ဝန်ထမ်းများ အပါအဝင် ဆေးရုံများ၏ ဖွဲ့စည်းပုံလူအင်အား များကိုလည်း လိုအပ်ချက် အလိုက် ပြင်ဆင်ဖွဲ့စည်း ခဲ့ကြောင်း၊ အခြေခံ ဆေးဝါးများ၊ အခြေခံဓာတ်ခွဲ စမ်းသပ်မှုများ၊ ဓာတ်မှန်၊ တယ်လီဗွီးရှင်း ဓာတ်မှန်နှင့် ကွန်ပျူတာ ဓာတ်မှန် ရိုက်ကူးခြင်းများ အပါအဝင် အတွင်းလူနာ များအား အခမဲ့ သွေးသွင်းကုသ ပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်မှု ၄၈ မျိုးအထိ အခမဲ့ စမ်းသပ်စစ်ဆေး ပေးခြင်းနှင့် ကင်ဆာလူနာ များအတွက် တချို့သော ကင်ဆာဆေးဝါး များကို အခမဲ့ပေးခြင်း တို့ လုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံ့ဝန်ထမ်း များအား အခမဲ့ ဆေးကုသမှုများ ပေးခဲ့ကြောင်း၊ အခမဲ့ ဆောင်ရွက်ပေးမည့် အစီအစဉ်များမှာ ဓာတ်ခွဲ စမ်းသပ်မှုများ ဆောင်ရွက်ပေးခြင်း၊ ဓာတ်မှန်ဖြင့် ရောဂါ ရှာဖွေမှုများ၊ ဆေးဝါးများ ပေးခြင်း၊ ရေရှည် သုံးစွဲရမည့် ဆေးဝါးများနှင့် ရောဂါကုဆေး များကို စဉ်ဆက်မပြတ် ထုတ်ပြန်ပေးခြင်း ၊ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးခြင်း၊ ဝန်ထမ်း အမျိုးသမီးများ မီးဖွားခြင်းနှင့် မွေးကင်းစကလေး ပြုစုကုသခြင်း၊ အထူး ကုသမှုများကို အခမဲ့ ဆောင်ရွက်ပေးခြင်း၊ သွားနုတ်ခြင်း၊ သွားကျောက်ခြစ်ခြင်း နှင့် သွားဖာခြင်း များကို အခမဲ့ လုပ်ဆောင်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger