www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 14, 2015

ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ ကျားနှင့် မျောက်လွှဲကျော်များ မှတ်တမ်းယူခြင်း လုပ်ငန်းများ ဆောင်ရွက်မည်



ရန်ကုန် ၊ ၁၄-၁၂-၂၀၁၅

ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေဖြစ်သည့် ဟူးကောင်းချိုင့်ဝှမ်း ဒေသရှိ ကျားနှင့် မျောက်လွှဲကျော် များ မှတ်တမ်း ယူခြင်းလုပ်ငန်းကို ၂ဝဝ၈ ခုနှစ် နောက်ပိုင်းတွင် ခုနစ်နှစ်ခန့် လုပ်ငန်းရပ်နား ခဲ့ရာမှ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ တွင် လုပ်ငန်း ပြန်လည် စတင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကျားနှင့် မျောက်လွှဲကျော် များ၏ မှတ်တမ်းယူခြင်းကို ဟူးကောင်း ဘေးမဲ့တော ဧရိယာဖြစ်သည့် နန်းယွန်းမြို့နယ် ၌ ဇန်နဝါရီနှင့် မေလအတွင်း ဆောင်ရွက်မည် ဖြစ်ပြီး ကျား မှတ်တမ်း ယူခြင်းအတွက် ကင်မရာ ထောင်ချောက် ဆင်ခြင်းကို နှစ်လတစ်ကြိမ် နှစ်ကြိမ် ပြုလုပ်မည် ဖြစ်ကာ မျောက်လွှဲကျော် များကို အသံဖမ်း စနစ်ဖြင့် မှတ်တမ်းယူမည် ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းပြန်လည် စတင်ရာတွင် ကမ္ဘာ့ ပတ်ဝန်းကျင် ဆိုင်ရာ (GEF) နှင့် IUCN တို့၏ အကူအညီဖြင့် ဟူးကောင်းချိုင့်ဝှမ်း ဒေသ သားရဲတိရစ္ဆာန် နှင့် ဘေးမဲ့တော ထိန်းသိမ်းရေး အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျက်စားရာ နယ်မြေနှင့် အစာရှားပါးလာ ခြင်းကြောင့် ယခုနောက်ပိုင်းတွင် ကျားမျိုးစိတ်များ လျော့နည်း လာသည့်အပြင် ကျားကောင်ရေပါ လျော့နည်း လာကြောင်း၊ နိုဝင်ဘာလ ကလည်း ဟူးကောင်း ဘေးမဲ့တော အတွင်း ရှားပါး ကျားမျိုးစိတ်တွင် ပါဝင်သည့် ကျားတစ်ကောင် သတ်ဖြတ်ခံ ခဲ့ရကြောင်း ဟူးကောင်းချိုင့်ဝှမ်း ဒေသ သားရဲတိရစ္ဆာ န်နှင့် ဘေးမဲ့တော ထိန်းသိမ်းရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဟူးကောင်းချိုင့်ဝှမ်း ဒေသ၌ ၂ဝ၁၃-၂ဝ၁၄ ခုနှစ် မှတ်တမ်းများအရ ကျားကောင်ရေ ၇ဝ မှ ၈၂ ကောင် ကြားရှိပြီး မျိုးစိတ်များအရ ငှက် ၄၃၃ မျိုး၊ နို့တိုက်သတ္တဝါ ၃၉ မျိုး၊ တွားသွား သတ္တဝါ ခုနစ်မျိုး၊ မြွေခြောက်မျိုး၊ဖားခြောက်မျိုး ရှိကြောင်းနှင့် မှတ်တမ်းယူခြင်း လုပ်ငန်းများ ရပ်နားထားသည့် အတွက် ကျားအပါအဝင် တခြားသော သားငှက် တိရစ္ဆာန် များလည်း ယခင်ထက် လျော့နည်း လာနိုင်ကြောင်း ဟူးကောင်းချိုင့်ဝှမ်း ဒေသသားရဲတိရစ္ဆာန် နှင့် ဘေးမဲ့တော ထိန်းသိမ်းရေး အဖွဲ့မှ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger